Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အီရန် နျူကလီးယား ဖျက်သိမ်းရေး နိုင်ငံတကာ၏ ကမ်းလှမ်းချက်အသစ်

08 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

EU foreign policy chief Javier Solana, attends a news conference at residency of German Ambassador in Tehran on Saturday June 14, 2008.AP
အီးယူ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ မစ္စတာ ဟာဗီးယား ဆိုလားနား။ ဇွန် ၁၄၊ ၂၀၀၈။
အီရန် နျူကလီးယားအစီအစဉ်ရဲ့ အဓိကကျတဲ့
အစိတ်အပိုင်းကို ဖျက်သိမ်း၊ ရုပ်သိမ်းပေးရင်
ဘဏ္ဍာရေး၊ သံတမန်ရေး ကူညီပံ့ပိုးမှုတွေ
ပေးမယ်လို့ နိုင်ငံတကာက ကမ်းလှမ်းထားမှုအပေါ်
မှာ ဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာ အီရန်အရာရှိတွေ
ကြားမှာ အငြင်းအခုံ ဖြစ်နေပုံရတယ်လို့ အမေ
ရိကန်ပြည်ထောင်စုက မနေ့က ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ
ပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack)
က မနေ့ကပြောကြားခဲ့ရာမှာ နိုင်ငံတကာက မက်လုံးပေး ကမ်းလှမ်းမှုတွေအပေါ် အီရန်
ဘက်က အစပျိုးတုံ့ပြန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့
အကောင်းဆုံးတုံ့ပြန်မှု ပေးရေးအတွက် အီရန်အရာရှိတွေ အလေးအနက် ဆွေးနွေးခဲ့
ကြတာကို လတ်တလော အီရန်ရဲ့ ကြေညာချက်တွေက ညွှန်ပြခဲ့တာဖြစ်တယ်လို့
မက်ကောမက်က ဆိုပါတယ်။

နိုင်ငံတကာ မက်လုံးပေးကမ်းလှမ်းမှုကို အီရန်ရဲ့ အကြောင်းပြန်ကြားချက်ကို အီရန်က
ဥရောပသမဂ္ဂ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဟာဗီးယား ဆိုလားနား
(Javier Solana) ကို သောကြာနေ့က ပေးအပ်ခဲ့ပါတယ်။ အင်အားကြီး ၆ နိုင်ငံဖြစ်တဲ့
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းအရာရှိ
ကြီးတွေ ဗွီဒီယိုကွန်ဖရင့်နဲ့ အီရန်ရဲ့တုံ့ပြန်ချက်အပေါ် မနေ့က ဆွေးနွေးသုံးသပ်ခဲ့ကြ
တယ်လို့လည်း မက်ကောမက်က ဆိုပါတယ်။

အီရန်ရဲ့တုံ့ပြန်ချက်ဟာ ရှုပ်ထွေးပြီး ခက်ခဲတယ်လို့ အီးယူ မူဝါဒရေးရာ အကြီးအကဲ
မစ္စတာဆိုလားနားက ပြောပါတယ်။ ဒီလမကုန်ခင် သူ့အနေနဲ့ အီရန် နျူကလီးယား
ဆွေးနွေးညှိနှိုင်းရေးမှူး ဆာယိဒ် ဂျာလီလီ (Saeed Jalili) နဲ့ တွေ့ဆုံနိုင်ဖို့ မျှော်လင့်
တယ်လို့လည်း မစ္စတာဆိုလားနားက ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available