Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသား ၁၁ ဦး ပျောက်ဆုံး

08 July 2008
ဦးသိန်းထိုက်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးသိန်းထိုက်ဦး - နားဆင်ရန် (MP3) audio clip

ပြီးခဲ့တဲ့သောကြာနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့ဟောင်ဆောင်ခိုင် အတွင်းမှာရှိတဲ့
ဟွေပူကဲကျေးရွာအနီး ပဒေါင်တိုင်းရင်းသားတွေ နေထ
ိုင်ရာကျေးရွာက ပဒေါင်လူမျိုး
၁၁
ယောက်ကို အမည်မသိလူတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းအာဏာ
ပိုင်တွေက ပြောပါတယ်။ ထိုင်း
နိုင်ငံမှာ နိုင်ငံခြားသားတေကို အခကြေးငွေယူပြီး
ပြအစားခံရတဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသားတွေဟာ လူကုန်ကူးသူတွေ ဖမ်းဆီး
ခေါ်ဆောင်တာ ခံရလေ့ရှိတဲ့ လူမျိုးတမျိုး ဖြစ်လာနေတယ်လို့လည
်း ဒေသခံတွေက
ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက
တင်ပြပေးထားပါတယ်။

ဒီ ပဒေါင်လူမျိုးတွေကို ဘယ်သူဘယ်ဝါ ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့
အတိအကျ မသိရသေးပါဘူး။ အဖမ်းခံရတဲ့အထဲမှာ
ကလေးငယ် ယောက်နဲ့ လူကြီး
ယောက် ပါဝင်ပါတယ်။

လည်ပင်းမှာ ကြေးကွင်းတွေ စွတ်ထားလေ့ရှိတဲ့ ပဒေါင်လူမျိုးတွေကို ထိုင်းနိုင်ငံရဲ
ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှာ နိင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသလေ့
ရှိပါတယ်။ နိုင်ငံခြားသားတွေကလည်း အထူးစိတ်ဝင်တစား ကြည့်လေ့ရှိပါတယ်။
ဒါကြောင့်လည်း နိုင်ငံခြားသားတွေကို ပြစား
ို့ လူကုန်ကူးသူတွေ မျက်စိကျစရာ
လူမျိုးစုတခု ဖြစ်လာနေတဲ့အကြောင်း ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ
ဝင်
တယောက်က ပြောပြပါတယ်။

“အရင်တုန်းက လိမ်ပြီး ခေါ်သွားတာတွေတော့ ရှိတယ်။ ပွဲစားတွေပေါ့။ သူတို့က
ချင်းမိုင်စခန်းမှာဖြစ်ဖြစ်၊ ပဒေါင်စခန်းလေးမှာပဲဖြစ်ဖြစ် ပြစားဖို့ ခေါ်သွားတာတို့ ရှိတော့
ရှိဖူးတယ်။ စီးပွားရေးသမားတွေ လုနေတဲ့သဘောမျိုး ရှိနေတယ်။”

ဒီလို အဖမ်းခံရတဲ့သူတွေဟာ လူကုန်ကူးသူတွေရဲလက်ချက်နဲ့ အဖမ်းခံရတာ ဖြစ်နိုင်
တယ်ဆိုတာကို မ
ဲ့ဟောင်ဆောင် ခိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေကလည်း သတ်မှတ်ထား
ကြပါတယ်။ ဒါကြောင့်လည်း
ပြင်းအထန် ရှာဖွေနေပါတယ်။ မဲ့ဟောင်ဆောင်နဲ့
အခြားနေရာတွေကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ပြီး ရှာဖွေနေတာ
ပါ။ ပဒေါင်
လူမျိုးတွေ နေထိုင်ရာဒေသ၊ အဖမ်းခံရတဲ့ နေရာကိုလည်း အခုလိုပြောပါ
တယ်။

“မဲ့ဟောင်ဆောင်နဲ့ ဟွေပူကဲက ခရီးတထောက်ဆိုရင် ၇ ကီလိုမီတာလောက်ပဲရှိမယ်။
မဲ့ဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ နန်းစွယ်ရွာနားက ကယန်းသာယာဆိုတဲ့ ကယန်းရွာ
တရွာရှိတယ်။ နောက်တခုက မဲ့ဟောင်ဆောင်ခရိုင်မှာပဲ ဟွေပူကဲမှာ တရွာရှိတယ်။
ဟွေစထောက်မှာ တရွာရှိတယ်။ အမှန်ကတော့ သုံးရွာပဲ။ ဒီသုံးရွာထဲကပဲ ပြီးခဲ့တဲ့
နှစ်လောက်တုန်းကမှ ထိုင်းဒေသအာဏာပိုင်တွေ စီစဉ်တဲ့နေရာကို ရွှေ့ချင်တဲ့လူတွေ
ရွှေ့ပြောင်းလို့ရတယ်၊ သွားနေလို့ရတယ်ဆိုပြီး လုပ်ပေးတာရှိတယ်။ လူဦးရေက စုစု
ပေါင်းဆိုရင် တရွာမှာ အနည်းဆုံး ၅၀၀ လောက်ရှိတယ်။ သုံးရွာဆိုရင် အနည်းဆုံး
၁,၅၀၀ ပေါ့။ ဒါ ကျနော် ပျှမ်းမျှ ခန့်မှန်းတာပဲ။”

ပြီးခဲ့တဲ့ သောကြာနေ့က ပဒေါင်လူမျိုးတွေ အဖမ်းခံခဲ့ရတယ်ဆိုတာကို အဲဒီကျေးရွာ
အကြီးအကဲ လူကြီးတယောက်ကလည်း အခုလို အတည်ပြုပြောပါတယ်။

“ကီလို ၂၀ ကျော်လောက်ကွာမယ်။ ကားနဲ့သွားရင် တနာရီတောင်မရှိဘူးဗျ။ အားလုံး
သုံးရွာပေါင်းတော့ ၁,၅၀၀ ကျော်ရှိတယ်။”

တယ်လီဖုံးလိုင်း အခက်အခဲကြောင့် အသံမရှင်းမလင်းဖြစ်တာပါ။ အဖမ်းခံရတဲ့နေရာ
ဟာ မ
ဲ့ဟောင်ဆောင်နဲ့ မိနစ် ၃၀ လောက်သွားရတဲ့နေရာလို့ ပြောပါတယ်။

ပဒေါင်လူမျိုးတွေဟာ အရင်က မြန်မာနိုင်ငံဘက်မှာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး
စုတွေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လက်
က်ကိုင် ပိပက္ခနဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ၊ စားဝတ်နေရေး အက
ပ်အတည်းတွေကြားမှာ အိမ်နီးချင်းနိုင်ငံကို
ရွှေ့ပြောင်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ
ဝင်
တယောက်ကတော့ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“အဲဒီပဒေါင်ဆိုတာ ကျနော်တို့ရဲ့ ကရင်နီပြည်ကပေါ့။ ကရင်နီပြည်နဲ့ ရှမ်းပြည်
တောင်ပိုင်း ဖယ်ခုံဘက်မှာပဲ ရှိပါတယ်။ ကျန်တဲ့နေရာမှာ မရှိပါဘူး။ ထွက်လာတဲ့
အကြောင်းကလည်း နှစ်ပေါင်း ၂၀ နီးပါးလောက်ရှိပြီပေါ့။ ဖြတ်လေးဖြတ်ပေါ့။ မဆလ
ခေတ်ကတည်းက ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာတို့၊ ဖျက်ဆီးခံရတာတို့၊
အကန့်အသတ်တွေ လုပ်တာတို့ကြောင့် သူတို့က ဒီနယ်စပ်ကို ထွက်ပြေးလာတယ်လို့ပဲ
ပြောရမှာပေါ့။”

ပဒေါင်လူမျိုးတွေ အဖမ်းခံရတာနဲ့ပတ်သက်ပြီး မဲ့ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက
ထိုင်းရဲတပ်ဖွဲ
အနေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်တာမရှိဘူးဆိုပြီး ဝေဖန်ပြစ်တင်ပါ
တယ်။ ရဲနဲ့ အာဏာပိုင်တွေ ပူပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ
့ပြီးတော့လည်း
အပြင်းအထန် ရှာဖွေနေပါတယ်။

ဒီပဒေါင်တွေဟာ စစ်မက်ဖြစ်ပွားရာ နေရာတွေကနေ ဘေးလွတ်ရာကို ပြေးခဲ့ကြပေ
မယ့် ကမ္ဘာလှည့်ခရီးသည်တွေ အကြည့်ခံရ
ို့ သူတို့ကို ခံခတ်ပြီး အပြခံရတဲ့နေရာတွေ
မှာ အထားခံရတယ်
အခုတော့ လူမှောင်ခိုကူးသူတွေရဲ သားကောင်ဖြစ်နေပြီလို့
ပြောဆိုနေကြပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူတို့ဘ၀သမိုင်းကြောင်းနဲ့ အကပ်အတည်းတွေ
ထက် ကြေးကွင်းတွေတပ်ထားတဲ့ သူတို့လည်ပင်းတွေကိုပဲ ပိုပြီ
စိတ်ဝင်စားနေကြတယ်
လို့လည်း ဝေဖန်သူတွေ ရှိနေ
ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available