Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ရာသီဥတု ပြောင်းလဲမှုအကြောင်း စက်မှုထိပ်သီးညီလာခံ၌ အဓိက ဆွေးနွေးမည်

08 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

Government leaders attending the G-8 summit in Japan, 7 Jul 2008
စက်မှုထိပ်သီးညီလာခံ၌တွေ့ရသော ကမ္ဘာ့ခေါင်းဆောင်များ။
ဇူလိုင် ၇၊ ၂၀၀၈။
G 8 ခေါ် ကမ္ဘာ့စက်မှုထွန်းကား ၈ နိုင်ငံ ထိပ်သီး
စည်းဝေးပွဲ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဒုတိယနေ့
အဖြစ် ဆက်လက်ပြုလုပ်လာတဲ့အခါ ကမ္ဘာ့
ရာသီဥတု ပြောင်းလဲမှုကိစ္စ အာရုံစိုက် ဆွေးနွေး
ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။

ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ရေး သဘော
တူညီချက် လက်ခံလာအောင် သမ္မတဘုရှ်အား
ဖိအားပေးကြဖွယ်ရှိတယ်လို့ အကဲခတ်သမား
များက ထင်ကြေးပေး တွက်ဆနေကြပါတယ်။

အလုပ်ဖြစ်မယ့် သဘောတူညီချက်ရရှိရေး ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးကို သဘော
တူညီချက်မှာ ထည့်သွင်းတဲ့အခါ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံ
တို့လည်း ဘယ်လိုသဘောတူညီချက်မှာမဆို ပါဝင်ရလိမ့်မယ်လို့ သမ္မတဘုရှ်က ပြောဆို
ထားပြီးဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းက G 8 ထိပ်သီးစည်းဝေးပွဲ အဖွင့်နေ့မှာတော့ အာဖရိက
တိုက်ရဲ့ အထောက်အပံ့ကိစ္စများကိုသာ အချိန်ပေးပြီး အဓိကထား ဆွေးနွေးသွားပါ
တယ်။ G 8 ထိပ်သီးစည်းဝေးပွဲမှာ ဇင်ဘာဘွေနိုင်ငံအပေါ် တိုးပြီး ဒဏ်ခတ်အရေးယူဖို့
ကိစ္စ တက်လာတဲ့အခါ အာဖရိကခေါင်းဆောင်တွေအကြား သဘောထားအမျိုးမျိုး
ကွဲပြားနေပါတယ်။

ဇင်ဘာဘွေသမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ သမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) တယောက်တည်းပြိုင်ပြီး တယောက်တည်း အနိုင်ယူကာ အာဏာ
ဆက်ပြီး ယူထားတာဟာ စိတ်ပျက်စရာပဲလို့ သမ္မတဘုရှ်က ပြောဆိုလိုက်ပြီး အာဖရိက
သမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ တန်ဇန်နီးယားနိုင်ငံ သမ္မတကတော့ ဇင်ဘာဘွေနိုင်ငံအပေါ်
ဒဏ်ခတ်အရေးယူမှာကို ဆန့်ကျင်ကြောင်း သတင်းထောက်များအား ပြောဆိုပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available