Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဇင်ဘာဘွေကို အရေးယူဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန် ဖိအားပေး

09 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

UN Security Council session on Zimbabwe, 8 Jul 2008
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဇင်ဘာဘွေအရေး ဆွေးနွေးနေစဉ်။
ဇူလိုင် ၈၊ ၂၀၀၈။
အမေရိကန်က အမှူးပြုပြီး ဇင်ဘာဘွေနိုင်ငံကို
ပိတ်ဆို့အရေးယူကြဖို့ ဆုံးဖြတ်ချက်မူကြမ်းဟာ
လုံခြုံရေးကောင်စီမှာ ထောက်ခံမဲ အလုံ
အလောက် ရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်
ရာ ပြင်သစ်သံအမတ်ကြီး ဂျင်း မောရစ္စ ရီပေး
(Jean-Maurice Ripert) က အင်္ဂါနေ့က
ပြောလိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက် မူကြမ်းအရ ဇင်ဘာဘွေရဲ့
လက်နက် ကုန်သွယ်ရောင်းဝယ်ခွင့်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့တားမြစ်မှာ
ဖြစ်ပြီး သမ္မတမူဂါဘီ (Mugabe) ရဲ့ အစိုးရမှာပါဝင်သူ ၁၄ ဦးကိုလည်း အဓိက ပစ်မှတ်
ထားမှာ ဖြစ်ပါတယ်။

တဖက်မှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်တလေ ချာကင် (Vitaly Churkin)
ကတော့ ဒီမူကြမ်းထဲမှာပါတဲ့ အချက်တွေဟာ ပြင်းထန်လွန်းတာကြောင့် ရုရှားနိုင်ငံ
အနေနဲ့ ဗီတိုအာဏာသုံးပြီး ကန့်ကွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကတော့ ဒီလိုပိတ်ဆို့အရေးယူမှု
တွေဟာ အခြေအနေတွေကို ပိုပြီးရှုပ်ထွေးစေမှာဖြစ်တယ်လို့ ပြောပါတယ်။ ဟယ်ရာရီး
မြို့မှာရှိတဲ့ ဇင်ဘာဘွေ တရားရေးဆိုင်ရာဝန်ကြီးက အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ်
တွေဟာ သမ္မတ မူဂါဘီနဲ့တွေ့ဆုံဖို့ သဘောတူလိုက်ကြောင်း ပြောပါတယ်။ ဘယ်တော့
တွေ့ဆုံမယ်ဆိုတာတော့ မသိရသေးပါဘူး။

အတိုက်အခံပါတီဘက်ကတော့ ဒီလိုတွေ့ဆုံဖို့ စီစဉ်တာဟာ မှန်မမှန်ကြောင်းကို
အတည်ပြုပြောကြားဖို့ ငြင်းဆိုလိုက်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available