Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေး အထောက်အကူ ဒေါ်လာသန်းပေါင်း ၁,၀၀၀ ကျော် လိုအပ်

22 July 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့
တည်ဆောက်ရေးအတွက် လာမယ့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း
၁,၀၀၀ ကျော် လိုအပ်တယ်လို့ မနေ့က ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရတို့
ပူးတွဲထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကုန်ကျစရိတ် လိုအပ်ငွေတွေထဲမှာ အရေးပေါ်လိုအပ်နေတဲ့ မုန်တိုင်းသင့်ဒေသ
အတွက် စားနပ်ရိက္ခာ၊ လယ်ယာစိုက်ပျိုးရေးနဲ့ လူထုပြန်လည်ထူထောင်ရေး လုပ်ငန်း
တွေအတွက် အဓိကထားပြီး ကိန်းဂဏန်းတွေကို ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာ ထွက်ရှိလာရေးအတွက် အပြုသဘောဆောင် ကူညီပံ့ပိုး လုပ်ကိုင်ပေးခဲ့
တဲ့ အာဆီယံအသင်းကြီးကို ကျေးဇူးတင်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပြီး ရှေ့လျှောက်လည်း ကုလသမဂ္ဂနဲ့
အာဆီယံတို့ မြန်မာနိုင်ငံအတွက် လက်တွဲဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်
တယ်လို့ မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ပူးတွဲအစီရင်ခံစာအရ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့်
အဆောက်အဦတွေနဲ့ ပိုင်ဆိုင်မှုအထွေထွေ တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ
သန်းပေါင်း ၁,၇၀၀ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံလူထုရဲ့ ၀င်ငွေအနေနဲ့ ဒေါ်လာ
သန်းပေါင်း ၂,၃၀၀ ဆုံးရှုံးခဲ့ရတယ်၊ စုစုပေါင်းဆုံးရှုံးမှု ဒေါ်လာသန်းပေါင်း ၄,၀၀၀
ကျော်ရှိခဲ့တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေထဲမှာ စာသင်ကျောင်းပေါင်း ၄,၀၀၀၊ ဆေးရုံ၊ ဆေးပေးခန်းတွေ
အားလုံးရဲ့ ၇၅%၊ လူနေအိမ်ခြေ ၈၀၀,၀၀၀ နဲ့ စိုက်ပျိုးမြေ ဟက်တာပေါင်း ၆၀၀,၀၀၀
ကျော် ပျက်စီးသွားခဲ့ရပါတယ်

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ငွေကြေးဈေးကွက် တည်ငြိမ်ရေး စီမံချက် ထိပ်သီး နိုင်ငံများ သဘောတူ  Audio Clip Available

  More From VOA
ဒေါ်စု နေအိမ်အကျယ်ချုပ် အယူခံ လျှောက်လဲချက် ပေးခွင့် ရှေ့နေတွေ မျှော်လင့်  Audio Clip Available
ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး စက်မှု ထိပ်သီးများ ဆွေးနွေး  Audio Clip Available
အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ  Audio Clip Available
ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ  Audio Clip Available
မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်  Audio Clip Available
ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်  Audio Clip Available
အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ  Audio Clip Available
မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ  Audio Clip Available