Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ကုလ လူသားချင်းစာနာမှု အကြီးအကဲ မုန်တိုင်းသင့်ဒေသ လေ့လာ

22 July 2008
ဦးသိန်းထိုက်ဦး - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးသိန်းထိုက်ဦး - နားဆင်ရန် (MP3) audio clip

John Holmes, the U.N. undersecretary-general for humanitarian affairs, talks with small group of reporters in Yangon, Myanmar Tuesday, May 20, 2008.AP
ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ်။ မေ ၂၀၊ ၂၀၀၈။
မြန်မာနိုင်ငံ လေဘေးကယ်ဆယ်ရေးအတွက်
ဒေါ်လာသန်း ၁,၀၀၀ လောက် လိုအပ်မယ်လို့
နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကဲဖြတ်
ဆန်းစစ်ချက်တွေ ထွက်ပေါ်လာချိန်မှာပဲ ကုလ
သမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ
အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်းစ် (John Holmes)
ဟာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဒီနေ့
သွားရောက်လေ့လာပါတယ်။ မစ္စတာဂျွန်ဟုမ်းစ်
ဟာ နိုင်ငံတကာအလှူရှင်တွေနဲ့လည်း တွေ့ဆုံဖို့
အစီအစဉ်ရှိတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက
ပြောပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက
တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု
ဆိုင်ရာ အကြီးအကဲ မစ္စတာဂျွန်ဟုမ်းစ်ဟာ ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့ကို ရောက်တယ်
ဆိုရင်ပဲ ချက်ချင်း ဧရာဝတီတိုင်း ဘိုကလေးမြို့ကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါ
တယ်။

သူနဲ့အတူ မြန်မာစစ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အခြားအရာရှိတွေလည်း
လိုက်ပါသွားခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းမှာ ရန်ကုန်ကိုပြန်လာပြီး ကုလသမဂ္ဂ အရာရှိ
တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံး သတင်းပြန်ကြားရေး
အရာရှိ အီရာ နော်ဗီယာ လက်စ်မီတာ (Eira Noviera Laksmita) က ပြောပါတယ်။
မစ္စတာဟုမ်းစ်ရဲ့ သုံးရက်ခရီးစဉ်နဲ့ ပတ်သက်လို့ …

"မနက်ဖြန်မှာ မစ္စတာဂျွန်ဟုမ်းစ်ဟာ ရန်ကုန်မြို့မှာပဲ ရှိနေဦးမှာဖြစ်ပြီး နိုင်ငံတကာ
အလှူရှင်တွေ၊ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရ
လက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာတော့ နေပြည်တော်ကိုသွားရောက်ပြီး မြန်မာစစ်အစိုးရ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး အခြားအရာရှိတွေကိုလည်း
တွေ့မှာဖြစ်ပါတယ်" လို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ အီရာ နော်ဗီယာ
လက်စ်မီတာက ပြောဆိုသွားတာပါ။

ဒါ့အပြင် မစ္စတာ ဂျွန်ဟုမ်းစ်ရဲ့ အခုခရီးစဉ်နဲ့ပတ်သက်လို့ ...

"အခု မစ္စတာဂျွန်ဟုမ်းစ်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာ
ထောက်ထားမှု အကူအညီပေးရေးအဖွဲ့တွေရဲ့ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်
ဆောင်ရွက်နေတဲ့ တိုးတက်မှုအခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ သွားတာပါ။
မြန်မာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပထမဆုံးတင်ပြတဲ့ သတင်းအချက်
အလက်တွေကို ရယူဖို့ပါ" လို့ အီရာ နော်ဗီယာ လက်စ်မီတာက ပြောဆိုသွားတာပါ။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မစ္စတာဂျွန်ဟုမ်းစ်
ဟာ ကြာသပတေးနေ့ နေပြည်တော်ကပြန်လာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ
နယူးယောက်ခ်ကို ပြန်မှာဖြစ်ပါတယ်။

အခုလို မစ္စတာဂျွန်ဟုမ်းစ် မြန်မာနိုင်ငံကို သွားရောက်တဲ့အချိန်ဟာ မြန်မာလေဘေးနဲ့
ပတ်သက်လို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ စစ်အစိုးရ သုံးဖွဲ့ပေါင်းဆန်းစစ်ချက် အစီရင်ခံစာ
တွေ အာဆီယံ အစည်းအဝေးအတွင်း တင်ပြခဲ့တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မြန်မာနိုင်ငံအတွင်း လေဘေးကြောင့် ပျက်ဆီးတဲ့ပမာဏ အမေရိကန်ဒေါ်လာ
သန်းပေါင်း ၁၇,၀၀၀ နဲ့ လူတွေရဲ့ဝင်ငွေ ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ သန်းပေါင်း
၂၃,၀၀၀ စုစုပေါင်း သန်းပေါင်း ၄,၀၀၀ လောက် ပျက်ဆီးခဲ့တယ်လို့ အစီရင်ခံစာက
ဆိုပါတယ်။ လတ်တလော သုံးနှစ်အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ
အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ လိုအပ်မယ်လို့ အစီရင်ခံစာက ပြောပါတယ်။

အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုန်တိုင်းဒဏ်ကယ်ဆယ်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးအုံးကြိုင်ကတော့ ဒီလို ဆန်းစစ်ချက် အစီရင်ခံစာပါ အကူအညီပမာဏနဲ့
ပတ်သက်လို့ အခုလို ပြောပါတယ်။

"ကယ်ဆယ်ကူညီရေးကိစ္စ သက်သက်ကိုပဲ အဲဒီလောက်လိုပါတယ်။ ပြန်လည်ထူထောင်
ရေးအတွက်ဆိုရင်တော့ စနစ်တကျ ပြည့်ပြည့်စုံစုံ လေ့လာဖို့ အချိန်လည်း လုံလုံ
လောက်လောက် မရှိသေးပါဘူး။ ကျနော်တို့ သွားလာလှုပ်ရှားဖို့ အကန့်အသတ်တွေ
လည်း အများကြီးရှိနေပါတယ်။ ပြန်လည်ထူထောင်ရေးအတွက်ဆိုရင်တော့ ဒါ့ထက်
ကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံ လေ့လာပြီးတော့ တိုင်းထွာကြည့်ရှုပြီးမှ ပြောနိုင်ပါ
မယ်။"

မုန်တိုင်းကယ်ဆယ်ရေး နိုင်ငံတကာ  အကူအညီတွေ ရယူရာမှာ အခုထုတ်ပြန်လိုက်တဲ့
ဆန်းစစ်ချက် အစီရင်ခံစာက အထောက်အကူပြုလိမ့်မယ်လို့ အာဆီယံခေါင်းဆောင်
တွေက မျှော်လင့်ပါတယ်။ ဦးအုံးကြိုင်ကတော့ နိုင်ငံတကာ အကူအညီတွေနဲ့
ပတ်သက်လို့ အခုလို ပြောပါတယ်။

"နိုင်ငံတကာ အကူအညီတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့အဖွဲ့ချုပ်မူအရ
လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးတဲ့နေရာမှာ မြင်သာထင်သာရှိရမယ်၊
စစ်ဆေးကြီးကြပ်ပိုင်ခွင့် ရှိရမယ်၊ တာဝန်ယူနိုင်ရမယ်။ အဲဒါမှသာ ဒီအကူအညီတွေဟာ
ကျနော်တို့အဖွဲ့ချုပ်က အခုဆောင်ရွက်နေတဲ့ ပုံစံအတိုင်း အထိရောက်ဆုံးနဲ့ အမြန်ဆုံး၊
အကောင်းဆုံး၊ တကယ့် အလိုအပ်ဆုံးနေရာတွေကိုရောက်အောင် Mechanism
ကလည်း လိုပါတယ်။ အဲဒါ ကျနော်တို့ပြောချင်ပါတယ်။"

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ နိုင်ငံတကာ အကူအညီ
တွေ မရရင်လည်း မြန်မာနိုင်ငံအနေနဲ့ ရှိတဲ့အရင်းအမြစ်ကိုသုံးပြီး ပြန်လည်
တည်ဆေက်ရေးလုပ်ငန်းတွေ လုပ်မယ်လို့ အာဆီယံ အစည်းအဝေးအတွင်း ဆန်းစစ်
ချက် အစီရင်ခံစာ ထုတ်ပြန်ပြီးချိန်မှာ ပြောဆိုထားပါတယ်။ တချိန်တည်းမှာ နိုင်ငံ
တကာအနေနဲ့ မြန်မာနိုင်ငံကို ၀ိုင်းဝန်းကူညီဖို့လည်း သူက ပန်ကြားသွားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story

  More From VOA
ဒုက္ခသည်များနေ့မှာ မြန်မာအစိုးရကို အမေရိကန်သမ္မတ ကတော်က ဝေဖန်
လေဘေး အကူအညီ ပို့ဆောင်ရေး ရံပုံငွေ ပြတ်လပ်တော့မည်  Audio Clip Available
အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ  Audio Clip Available
မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ  Audio Clip Available
ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ  Audio Clip Available
မြစ်ဝကျွန်းပေါ်လယ်ယာလုပ်ငန်း ပြန်လည်ထူထောင်ရေး ပြည်ပအကူအညီလိုအပ်  Audio Clip Available
မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံကို သွားဖို့ရှိ  Audio Clip Available