Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ရာဒိုဗန် ခရာဒစ်ရှ် ပြစ်မှုတရားရုံးတွင် ကိုယ်တိုင် ခုခံလျှောက်လဲမည်

23 July 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

ဘော့စနီးယား ဆာ့ဗ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကရာဒစ်ရှ် (Radovan Karadzic) ဟာ သူ့အပေါ် စွဲဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွဲဆိုချက်တွေကို The Hague မြို့က စစ်ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂ တရားခုံရုံးမှာ သူကိုယ်တိုင် ထုချေ လျှောက်လဲမယ်လို့ ကရာဒစ်ရှ် ရဲ့ ရှေ့နေ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။ ဘော့စနီးယား ဥပဒေအကြံပေး အဖွဲ့တခုကလည်း ကရာဒစ်ရှ် အတွက် အကူအညီပေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူ့ကို ကုလသမဂ္ဂ တရားခုံရုံးဆီ လွှဲပြောင်းမယ့် ဆုံးဖြတ်ချက်ကိုလည်း ကရာဒစ်ရှ် က အယူခံဝင်မယ်လို့ ပြောပါတယ်။ ကရာဒစ်ရှ် ဟာ ဘဲလ်ဂရိတ်မြို့တနေရာကနေ နောက်တနေရာကို ခရီးသွားနေတုန်း တနင်္လာနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို ကူညီနေတယ်လို့ သံသယရှိသူတွေကို နောက်ယောင်ခံလိုက်ပြီး ကရာဒစ်ရှ် ကို ခြေရာခံမိခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ဘော်လကန်စစ်ပွဲအတွင်း ထောင်သောင်းချီတဲ့ ဘော့စ်နီးယား၊ ခရိုဧရှားနဲ့ မူဆလင်တွေကို သတ်ဖြတ်ခဲ့တာ၊ မတော်မတရား ပြုကျင့်ခဲ့တာ၊ နှိပ်စက်ညှင်းပမ်း ခဲ့တာတွေအတွက် ကရာဒစ်ရှ်မှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ စစ်ရာဇ၀တ်မှုဆိုင်ရာ တရားခုံရုံးက သူ့ကို စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ငွေကြေးဈေးကွက် တည်ငြိမ်ရေး စီမံချက် ထိပ်သီး နိုင်ငံများ သဘောတူ  Audio Clip Available

  More From VOA
ဒေါ်စု နေအိမ်အကျယ်ချုပ် အယူခံ လျှောက်လဲချက် ပေးခွင့် ရှေ့နေတွေ မျှော်လင့်  Audio Clip Available
ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး စက်မှု ထိပ်သီးများ ဆွေးနွေး  Audio Clip Available
အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ  Audio Clip Available
ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ  Audio Clip Available
မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်  Audio Clip Available
ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်  Audio Clip Available
အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ  Audio Clip Available
မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ  Audio Clip Available