Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမေရိကန် ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဂျွန်မက်ကိန်း တရားဝင်လက်ခံ

05 September 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

U.S. Sen. John McCain and Alaska Gov. Sarah Palin stand on stage on day three of Republican National Convention in St. Paul, Minnesota, 03 Sep 2008
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်းနှင့် ဒု-သမ္မတလောင်း ဆာရာပေလင်း။
စက်တင်ဘာ ၃၊ ၂၀၀၈။
ရီပတ်ဘလီကန်ပါတီ ညီလာခံကျင်းပနေတဲ့ မင်နီ
ဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့ရဲ့ ကြာသပတေးနေ့
ညမှာ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
(John Mc Cain) က သမ္မတရွေးကောက်ပွဲဝင်ဖို့
ရွေးချယ်တာကို လက်ခံကြောင်း မိန့်ခွန်းပြောကြား
ပါမယ်။

ဂျွန်မက်ကိန်းပြောကြားမယ့် မိန့်ခွန်းထဲမှာ ငွေ
အကြီးအကျယ် သုံးစွဲပြီး ဘာမှမလုပ်ဘဲနေကြတာ၊
ငါက ပထမ၊ နိုင်ငံက ဒုတိယ ဆိုတာတွေ
ဝါရှင်တန်မှာ ပြောင်းလဲချိန်တန်ပြီလို့ ထည့်သွင်း
ပြောဆိုမယ့်အကြောင်း သူ့မိန့်ခွန်းရေးသားသူက
သတင်းမီဒီယာကို ကြိုတင်ပေးတဲ့ ကောက်နုတ်
ချက်ထဲမှာ ပါရှိပါတယ်။

သူ သမ္မတအဖြစ် အရွေးခံရရင် သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) ရဲ့ နောက်ထပ်
၎ နှစ်ပဲလို့ ဒီမိုကရက်တစ်တို့က ဝေဖန်တာကို ချေပတဲ့အနေနဲ့ ဂျွန်မက်ကိန်းက သူ
ဒီမိုကရက်တို့နဲ့ တွဲပြီးလုပ်ခဲ့တာတွေကို ထောက်ပြသွားမယ်၊ ပါတီစွဲကြောင့် နိုင်ငံရဲ့
ပြဿနာတွေ မဖြေရှင်းနိုင်တာတွေ၊ သူ့ပြိုင်ဘက် ဘရက်ခ် အိုဘားမား (Barack
Obama) လိုမဟုတ်ဘဲ ပါတီစွဲကင်းစွာနဲ့ သူလုပ်ခဲ့တဲ့မှတ်တမ်းကို တင်ပြသွားမယ်လို့
ဆိုပါတယ်။

သူနဲ့အတူတွဲပြီး ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ့် အလာစကား
ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ပေလင်း (Sarah Palin) ရဲ့ မိန့်ခွန်းကြောင့် အားတက်
ပြီး ညီလာခံကိုယ်စားလှယ်များက ဂျွန်မက်ကိန်းအား ရီပတ်ဘလီကန်ပါတီ ကိုယ်စား
ပြုပြီး သမ္မတရွေးကောက်ပွဲဝင်ဖို့ ဗုဒ္ဓဟူးနေ့မှာ တရားဝင်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဂျွန်မက်ကိန်းက သူ့ရဲ့ ဒုတိယသမ္မတလောင်းအဖြစ် အရွေးမခံခင်အထိ အမေရိကန်
နိုင်ငံရေးနယ်ပယ်မှာ လူသိသိပ်မများတဲ့ ဆာရာ ပေလင်းက သူမရဲ့ ယခင် နိုင်ငံရေး
အတွေ့အကြုံများကို ထောက်ပြပြီး ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available