Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ရန်ကုန်တွင် ငလျင်လှုပ်

05 September 2008
မနန္ဒာချမ်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
မနန္ဒာချမ်း - နားဆင်ရန် (MP3) audio clip

ရန်ကုန်မှာ ဒီကနေ့ နေ့လည် ၃ နာရီကျော်ကျော်လောက်က ငလျင် လှုပ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်း အနည်းငယ် လောက်သာ ကြာခဲ့တယ်လို့ သိရပါတယ်။ အစိုးရမိုးလေ၀သဌာနကတော့ ဒီငလျင်ဟာ ရန်ကုန်မြို့ မြောက်ဘက် ၂၁ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ချတ်စကေး ၃ ဒဿမ ၅ နဲ့သာ လှုပ်ခတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာန ကို ပြောကြားခဲ့တယ် လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတချို့ကို မေးကြည့်တော့ မြို့ခံတဦးက အခုလို စပြီး ပြောဆိုပါတယ်။

“ညီမ တို့အိမ်က အပေါ်ထပ် ဆိုတော့ သိပ်ပြီးမသိသာပါဘူးရှင့်။ ညီမ က အိမ်နောက်မှာ ထမင်းစားနေတော့ ကိုယ့်ဘာသာ ခေါင်းမူးသွားတယ်ပဲ ထင်လိုက်တာ။ အမေ ကတော့ အထဲ က အိပ်ယာမှာ။ သူကလည်း သူ အဲဒီလို ဖြစ်သွားတယ် ထင်တယ်တဲ့။ ဒါပေမယ့် တချို့ နေရာတွေကကြတော့ တော်တော် သိသာတယ်လို့ ပြောပါတယ်။ အဒေါ်တယောက် ကတော့ လက်ကိုင်ဖုန်း ဆက်တော့ သူ့အိမ် က တော်တော် လှုပ်တယ်လို့ ပြောပါတယ်။ နောက် အိမ်ရှေ့မှာတော့ ဆောက်လုပ်ရေး တခု ရှိတယ်။ အဲဒီ ဆောက်လုပ်ရေးက လူတွေကတော့ အဲဒီမှာ တချက် လှမ်းအော် လိုက်တယ်။ အလုပ် ခဏ ရပ်ထားပါတဲ့။ ငလျင် လှုပ်နေတယ် လို့ ကြားလိုက်ရပါတယ်ရှင်။ အကြာကြီး မဟုတ်ပါဘူး။ ခဏ တဖြုတ်ပါပဲ။ တမိနစ် နှစ်မိနစ် လောက်ပါပဲ။ မသိတဲ့သူတွေ လည်း ရှိပါတယ်ရှင့်။ ညီမ မောင်လေး က အဲဒီအချိန် က ဂီတာ တီးနေတယ်။ သူ က လုံးဝ မသိလိုက်ဘူးတဲ့။”

နောက်မြို့ခံတဦးကလည်း ငလျင်က မပြင်းထန်တဲ့အတွက် ကျောက်တံတား မြို့နယ်ဘက်မှာတော့ လူတွေက သိပ်ပြီး သတိမထားမိကြဘူး ဆိုတာလည်း အခုလို ပြောပြပါတယ်။

“ခုနကပဲ တာမွေ ကလည်း ဆက်တယ်။ ငလျင် လှုပ်တာ သိလားတဲ့။ သူတို့ဆီမှာ ငလျင်လှုပ်လို့တဲ့။ အဲဒါနဲ့ ပြန်မေးကြည့်တော့ သူတို့ဆီမှာက အမြင့်မှာဆိုတော့ ပိုပြီး သိတာပေါ့နော်။ အန်တီတို့ဘက်မှာ သိတောင်မသိလိုက်ဘူး။ မြင့်တဲ့အိမ်တွေကတော့ ပိုသိတာပေါ့။ အန်တီတို့ က နှစ်ထပ်ပဲ ဆိုတော့ သိတော့ သိလိုက်တယ်။ ဒါပေမယ့် သိပ်မသိသာဘူး။ အခုကတော့ မိုးကတော့ နည်းနည်းတော့ အုံ့နေတယ်။”

လောလောဆယ် ရန်ကုန်မှာ မိုးအုံ့နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ရာသီဥတု ပူပြင်းလွန်းပြီး မိုးမရွာတဲ့အတွက် လူတွေစိတ်ထဲမှာ မုန်တိုင်းထပ် ၀င်မှာကို စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available