Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

နိုင်ငံခြားရေးဝန်ကြီး ရိုက်စ် လစ်ဗျားခေါင်းဆောင် ကဒါဖီ နဲ့ တွေ့ဆုံ

06 September 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

US Secretary of State Condoleezza Rice (left) at meeting with Libyan leader Moammar Gadhafi (in white)
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက်စ် လစ်ဗျားနိုင်ငံ ခေါင်းဆောင် မိုဟာမတ် ကဒါဖီ နှင့် တွေ့ဆုံနေပုံ (စက်တင်ဘာ ၂၀၀၈)
အမေရိကန် နဲ့ လစ်ဗျားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အစကောင်းခဲ့ပြီ လို့ လစ်ဗျား နိုင်ငံ ခရီးစဉ်အတွင် လစ်ဗျားသမ္မတ မိုဟာမတ် ကဒါဖီ နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် က ပြောကြားလိုက်ပါတယ်။ ဒီခရီးဟာ နှစ်ပေါင်း ၅၅ နှစ်အတွင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတယောက် ရဲ့ ပထမဆုံး ခရီးလည်း ဖြစ်ပါတယ်။

သမ္မတ ကဒါဖီး ကို သူနေထိုင်ရာ အိမ်တော်မှာ မစ္စ ရိုက်စ် က တွေ့ဆုံခဲ့တာပါ။ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု နဲ့ ပညာရေး နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက် ဆွေးနွေးခဲ့ကြတယ်လို့ မစ္စ ရိုက်စ် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး၊ အီရတ် အခြေအနေနဲ့ ဆူဒန်နိုင်ငံ က ဒါဖော ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး မိုဟားမတ် အဘ်ဒါရာမန်ရှယ်ဂန် က ပြောကြားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်း ရန်သူရယ်လို့ မရှိပါဘူးလို့ မစ္စ ရိုက်စ် က ပြောဆိုပါတယ်။ နိုင်ငံတွေ က မဟာဗျူဟာ အရ အပြောင်းအလဲတွေ လုပ်ဖို့ ပြင်ဆင်ပြီ ဆိုရင် အမေရိကန် က တုံ့ပြန်ဖို့ ပြင်ဆင်ထားကြောင်း သူ့ခရီးစဉ် က ပြသပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က ပြောကြားလိုက်ပါတယ်။ 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available

  More From VOA
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available
မြန်မာနိုင်ငံတွင်း ကြက်ငှက်တုပ်ကွေး ရောဂါဆိုင်ရာ ပညာပေးအခြေအနေ  Audio Clip Available
ဂါဇာတိုက်ခိုက်မှု အစ္စရေးဖက်က တနေ့ သုံးနာရီ ရပ်နားမည်  Audio Clip Available