Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်းလျော့ချဖို့ ၀ိုင်းဝန်း ညှိုနှိုင်း

08 October 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

၁၉၃၀ခုလို နှစ်များအတွင်း စီးပွားရေး ကပ်ဆိုက်မှုကြီးမျိုးဆီကို ကမ္ဘာ့စီးပွားရေး ဦးတည်နေပြီလို့ ငွေရင်းနှီး မြုပ်နှံသူများက စိုးရိမ်နေကြတဲ့အတွက် ကမ္ဘာ့ ငွေကြေး ဈေးကွက်မှာ ဒီနေ့ ဆက်ပြီး ကျဆင်းနေပါတယ်။ အဲဒါကို ကယ်တင်နိုင်ရေး အမေရိကန်နဲ့ ဥရောပ နိုင်ငံများရဲ့ ဗဟိုဘဏ်များက အတိုးနှုန်း ဖြတ်တောက် နေကြပါတယ်။ အမေရိကန် ဗဟိုဘဏ်က နောက်ထပ် .၀၅% ဖြတ်တောက်ကြောင်း  ကြေညာလိုက်ပါတယ်။

အင်္ဂါနေ့ အမေရိကန် နိုင်ငံ Wall Streetဈေးကွပ်မှာ အကြီးအကျယ် ရှုံးခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံရဲ့ စတော့ အရောင်းအ၀ယ်မှာလည်း ၉ရာခိုင်နှုန်းကျော် ကျသွားလို့ ၁၉၈၇ခုနှစ် နောက်ပိုင်း တနေ့တည်း အများဆုံး ဈေးကျတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ တိုယိုတာ မော်တော်ကား လုပ်ငန်းက အမြတ် ၄၀% ဒေါ်လာ ၁၃ဘီလီယံဖိုး အရှုံးခံမယ်ဆိုတဲ့ သတင်းကြောင့် အဲဒီလို အရောင်းကျတာလို့ ဆိုပါတယ်။ ဟောင်ကောင် ဟန်ဆန်း ၈%အရှုံးပေါ်ပြီး အင်ဒိုနီးရှား နိုင်ငံ မှာတော့ မနက်ပိုင်းမှာတင် ၁၀%ကျလို့ အရောင်းအ၀ယ်ကို ရပ်လိုက်ရပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အဌမ အကြီးဆုံး ဘဏ်ကို ဒေါ်လာ ၈၇ဘီလီယံနဲ့ ၀ယ်ယူဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြန် ကြေညာလိုက် ပေမယ့် အကြီးအကျယ် အရှုံးပေါ်နေတဲ့ ငြိမ်မလာသေးဘူးလို့ ဆိုပါတယ်။

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available