Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အာဆီယံပဋိညာဉ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ

08 October 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

အာစီယံ အသင်းဝင်နိုင်ငံများမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး မြင့်တင်ပေးမယ့် ပဋိညာဉ် စာတမ်းကို အင်ဒိုနီးရှားနိုင်ငံ အောက်လွှတ်တော် ကော်မတီက ဂျကာတာ မြို့မှာ ဒီနေ့ အစည်းအဝေးအပြီး အတည်ပြုဖို့ သဘောတူ လိုက်ပါပြီ။ အဲဒီ အာစီယံ ပဋိညာဉ်စာတမ်းက အင်ဒိုနီးရှား အောက်လွှတ်တော် တရပ်လုံးနဲ့ ဒီလနှောင်းပိုင်းမှာ တရားဝင် အတည်ပြုဖွယ်ရှိပါတယ်။ အာစီယံအသင်းဝင် ၁၀နိုင်ငံထဲ အတည်မပြုရသေးတာကို အဲဒီ အင်ဒိုနီးရှား တနိုင်ငံပဲ ကျန်သေးတာပါ။  

ဖိလစ်ပိုင် နိုင်ငံကတော့ မနေ့က အတည်ပြုခဲ့ပါတယ်။ ဖိလစ်ပိုင် အထက်လွှတ်တော် အစည်းအဝေးပွဲမှာ လူနည်းစု အမတ်များရဲ့ ခေါင်းဆောင် အကီတင်နို ပင်မတဲလ် က အသင်းဝင် မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပမယ်လို့ ကတိပြုထားပေမယ့် အပြည့်အ၀ အကောင်အထည်မဖော်လို့ အာစီယံ ပဋိညာဉ်စာတမ်းဟာ အတုသဘောသာ ဖြစ်နေမယ့်လို့ ဝေဖန်ထောက်ပြသွားပါတယ်။ ဖိလစ်ပိုင် လွှတ်တော် ကိုယ်စားလှယ်များက မြန်မာ စစ်အစိုးရရဲ့ ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ထပ်တလဲလဲ ဝေဖန်ခဲ့ပြီး ကြာမြင့်စွာ နေအိမ်အကျယ်ချုပ် ချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မနေ့က အာစီယံ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့တဲ့ ပဋိညာဉ်စာတမ်းထဲမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး မြင့်တင်ဖို့ ၂၀၁၅ခုနှစ်ကျရင် ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး ဇုံထူထောင်ရေးလဲ ပါဝင်ပါတယ်။
 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available