Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး

10 October 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

မနေ့က အမေရိကန် အစုရှယ်ယာဈေးကွက် ဒေါင်းဂျုန်းစ် (Dow Jones) အညွန်းကိန်း
၇% အထိ ကျဆင်းခဲ့သလို ဥရောပဈေးကွက် ပိတ်ချိန်မှာလည်း ၂.၅% အထိ ရှယ်ယာ
ဈေးတွေ ကျဆင်းခဲ့ပါတယ်။

ဒီလို စီးပွားရေးအခြေအနေ ကမောက်ကမဖြစ်နေတာကြောင့် သမ္မတဘုရှ်က ဒီနေ့
ကြေညာချက်တစောင် ထုတ်ပြန်ဖို့ရှိပါတယ်။

ဘဏ္ဍာရေးစနစ်ကြီးတည်ငြိမ်အောင် စီးပွားရေးရာ တာဝန်ခံတွေက ဖိဖိစီးစီး အရေး
တယူ ဆောင်ရွက်နေကြတာမို့ အမေရိကန်လူထုအနေနဲ့ ယုံကြည်မှု ရှိသင့်ကြတဲ့
အကြောင်း၊ ငွေချေးစနစ် အကျပ်အတည်းလျော့အောင် ဘဏ္ဍာရေးဌာနက အမြန်ဆုံး
လှုပ်ရှားနေပြီဖြစ်ကြောင်း သမ္မတဘုရှ်က လူထုကို စိတ်ချရအောင် ရှင်းပြရမှာဖြစ်တယ်
လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဒေနာ ပရီနို (Dana Perino) က ပြောဆိုလိုက်
ပါတယ်။

အိုင်အမ်အက်ဖ်ခေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဒေါမနစ် စထရပ်စ်
ခန်း (Dominique Strauss-Kahn) ကလည်း ကမ္ဘာကြီးဟာ စီးပွားရေး ကျဆင်းလုနီးပါး
အခြေစိုက်နေပေမယ့် ၂၀၀၉ ခု နှစ်ကုန်ပိုင်းမှာ ပြန်ပြီး နာလန်ထူလာလိမ့်မယ်လို့
မနေ့က ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို ထိန်းဖို့အတွက် နိုင်ငံအားလုံး အတူတကွ ပူးပေါင်းကြဖို့
လိုကြောင်း ဒီသီတင်းပတ်ထဲမှာ ကမ္ဘာ့ဗဟိုဘဏ်ကြီးတွေက အတိုးနှုန်းလျှော့ချတာကို
ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတာဟာ နမူနာကောင်းတခုဖြစ်တယ်လို့
အိုင်အမ်အက်ဖ် ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available