Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းရေး စက်မှု ထိပ်သီးများ ဆွေးနွေး

11 October 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်း ဖြေရှင်းဖို့ စက်မှု ထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေအကြား အင်မတန် အားကောင်းတဲ့ သဘောတူညီမှု တရပ်ကို ရလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟင်နရီ ပေါ်လ်ဆန် က ပြောလိုက်ပါတယ်။

ဟင်နရီ ပေါ်လ်ဆန် ဟာ စက်မှု ထိပ်သီး ၇ နိုင်ငံ က တာဝန်ရှိသူတွေနဲ့ သောကြာနေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်မှာ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာပါ။ နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ IMF အစည်းအဝေး တခု မတိုင်ခင် စက်မှု ထိပ်သီး ၇ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်၊ ကနေဒါ နဲ့ အီတလီ နိုင်ငံတွေက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာပါ။ တနင်္ဂနွေနေ့မှာတော့ ဥရောပတိုက် က ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံ ပါရီ မြို့မှာ တွေ့ဆုံပြီး ဘဏ္ဍာရေး အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းဖို့ ပူးတွဲ စီမံကိန်းတရပ် ဆွေးနွေး ရေးဆွဲကြဖို့ ရှိပါတယ်။

မနေ့က ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ မစ္စတာ ဘုရှ် က တကမ္ဘာလုံးက ရင်းနှီးမြှုပ်နှံသူတွေ ကို အာမခံ ပြောကြားဖို့ ကြိုးစားခဲ့ပါတယ်။ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် တာဝန်ရှိသူတွေဟာ အခိုင်အမာ လုပ်ဆောင် နေတယ်လို့ မစ္စတာ ဘုရှ် က ပြောပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available