Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ဒေါ်စု နေအိမ်အကျယ်ချုပ် အယူခံ လျှောက်လဲချက် ပေးခွင့် ရှေ့နေတွေ မျှော်လင့်

11 October 2008
ဦးတင်မောင်သန်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
ဦးတင်မောင်သန်း - နားဆင်ရန် (MP3) audio clip

Burmese opposition leader Aung San Suu Kyi (file photo)
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံထားရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းတိုးထားတာနဲ့ ပတ်သက်ပြီး ရှေ့နေတွေဘက်က လျှောက်ထားတဲ့ အယူခံလွှာကို စစ်အစိုးရဘက်က အကြောင်းမပြန် သေးပေမယ့် လျှောက်လဲချက် ပေးခွင့်ရမယ်လို့တော့ မျှော်လင့်တဲ့အကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

အယူခံလွှာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက မြန်မာစစ်အစိုးရကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က နေပြည်တော်မှာ တင်ခဲ့ပါတယ်။ တခြားအမှုတွေမှာ အယူခံလွှာ တင်ရင် ဆိုင်ရာ ဌာနတွေက စိစစ်ပြီး အယူခံ အမှုနံပါတ် ပေးလေ့ရှိပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကိုတော့ စစ်အစိုးရဘက်က ၀င်စာအနေနဲ့သာ လက်ခံတာမျိုး ဖြစ်တဲ့အတွက် တရားရုံးတွေကို တင်ပြတာမျိုးတွေနဲ့တော့ လုပ်ထုံးလုပ်နည်း ကွဲလွဲနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

အခု အယူခံ တင်တာဟာ နေအိမ်အကျယ်ချုပ်နဲ့ပတ်သက်လို့ ပထမဆုံး တင်ပြတဲ့ အယူခံဖြစ်ပါတယ်။ အရင်က ဒီလိုတင်တာမျိုးတွေ မရှိသေးတဲ့အတွက် စစ်အစိုးရဘက်က ဘယ်လိုပုံစံနဲ့ တရားရေးအရ ဆက်ပြီး ရင်ဆိုင်ရမယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အယူခံကို လာမယ့် သတင်းပတ်တွေအတွင်း လျှောက်လဲချက် ပေးခွင့် ရမယ်လို့ မျှော်လင့်တဲ့အကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံခွင့် ရဖို့ တောင်းဆိုမှာဖြစ်တဲ့အကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ပြောပါတယ်။

“ကျနော် လပြည့်ကျော် တရက်လောက် စာရေးမယ်၊ အထူးစုံစမ်းရေးအဖွဲ့ကို၊ ကျနော်တို့ကို တွေ့ခွင့်ပြုပါ။ လျှောက်လဲချက် ထပ်ပေးရမယ်ဆိုရင် ဒေါ်စုလည်း ထပ်ပြီးတော့ ပြောချင်တဲ့အချက်၊ ပြောပြီးသား အပေါ်မှာလည်း ထပ်လောင်းပြီးတော့ အလေးပေး ပြောချင်တာမျိုး ရှိကောင်းရှိမှာပေါ့။ အဲတော့ ကျနော် ခွင့်တောင်းမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြသွားတာပါ။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available