Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

စီးပွားရေး အကျပ်အတည်း ဖြေရှင်းရေး ငွေကြေးဆိုင်ရာ ကမ္ဘာ့ ခေါင်းဆောင်များဆွေးနွေး

12 October 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

ကမ္ဘာ့ငွေကြေး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေး ဥရောပ ခေါင်းဆောင်များ ကမ္ဘာ့ဘဏ်၊ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့  ကတာဝန်ရှိသူများ သီးခြားစီစည်းဝေးတိုင်ပင်နေကြပါတယ်။ ပါရီမြို့ မှာပြင်သစ်သမ္မတ နီကိုလိုင်စာကိုဇီ က အီးယူ ဥရောပ သမဂ္ဂ၀င် ၁၄နိုင်ငံ ခေါင်းဆောင်များကို အိမ်ရှင်အဖြစ် ထိပ်သီးအစည်းအဝေးပွဲကို ဒီနေ့ ကျင်းပပေးနေပါတယ်။

ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒါန် ဘရောင်းက ဗြိတိန်နိုင်ငံမှာ လုပ်သလို ဘဏ်တချို့ကို တပိုင်းတ၀က် နိုင်ငံပိုင် ပြုလုပ်ရေး ပုံစံမျိုး တခြား အီးယူ နိုင်ငံများကို နားချတိုက်တွန်းဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုပါတယ်။ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့နဲ့ ကမ္ဘာ့ ဘဏ်တို့ကလည်း ၀ါရှင်တန်မြို့မှာ ဒီကိစ္စကို စည်းဝေး တိုင်ပင်နေကြပါတယ်။ စနေ့နေ့ကတော့ G7ခေါ် ကမ္ဘာ့ စက်မှု ထွန်းကား ၇နိုင်ငံက ဘဏ္ဍာရေး ၀န်ကြီးများနဲ့ အိမ်ဖြူတော်မှာ သမ္မတ ဘုရှ် စည်းဝေးပါတယ်။ သမ္မတ ဘုရှ်က IMF ရုံးကို သွားရောက်ပြီးတော့ ချမ်းသာတဲ့ နိုင်ငံများနဲ့ ဖွံ့ဖြိုးစ နိုင်ငံများ ပါဝင်တဲ့ နိုင်ငံ ၂၀က ဘဏ္ဍာရေး ၀န်ကြီးများ၊ ဘဏ် တာဝန်ခံများနဲ့လည်း ဆွေးနွေးပါတယ်။  

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available