Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ထိုင်းတပ်တွေ ၂၄ နာရီအတွင်း ရုပ်သိမ်းပေးဖို့ ကမ္ဘောဒီးယား တောင်းဆို

14 October 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

Cambodia Prime Minister Hun Sen, Sept 15, 2008.AP
ကမ္ဘောဒီးယားဝန်ကြီးချုပ်
မစ္စတာဟွန်ဆန်။
စက်တင်ဘာ ၁၅၊ ၂၀၀၈။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား အငြင်းပွားနေတဲ့
နယ်နိမိတ်ဒေသကနေ ထိုင်းတပ်ဖွဲ့တွေ ၂၄ နာရီ
အတွင်း ပြန်ရုပ်သိမ်းမပေးရင် နှစ်နိုင်ငံအကြား
လက်နက်ကိုင်ပဋိပက္ခ ဖြစ်လိမ့်မယ်လို့ ကမ္ဘောဒီးယား
ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) က သတိပေး
ပြောကြားလိုက်ပါတယ်။

ဒီဒေသ သေရေး ရှင်ရေး စစ်တလင်းပြင်ဖြစ်မလာခင်
ထိုင်းတပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပေးဖို့ ၀န်ကြီးချုပ်
ဟွန်ဆန်က တနင်္လာနေ့မှာ ထိုင်းနိုင်ငံကို အခုလို သတိပေး ပြောကြားလိုက်တာပါ။
ထိုင်းတပ်သား ၈၄ ယောက် တနင်္လာနေ့က ကမ္ဘောဒီးယားနိုင်ငံထဲကို တမီလာလောက်
အထိ ၀င်လာပြီး ကမ္ဘောဒီးယားတပ်တွေနဲ့ မီတာ ၄၀ လောက်အကွာမှာ စခန်းချနေခဲ့
ကြတယ်လို့ မစ္စတာဟွန်ဆန်က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆွမ်ပေါင် အမွန်ဝီ၀တ် (Sompong Amonrnviwat) နဲ့
ဖနွမ်းပင်မြို့မှာ တွေ့ဆုံအပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟွန်း
(Hor Namhong) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available