Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ပုဂ္ဂလိကဘဏ်တွေရဲ့ အစုရှယ်ယာတွေကို အမေရိကန်အစိုးရ ၀ယ်ယူ

15 October 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

ဘဏ္ဍာငွေကြေးဈေးကွက်ကို ပြန်ကယ်တင်ရေး ကြိုးပမ်းမှုတွေထဲက နောက်ဆုံးလုပ်ရပ်
တခုမှာ ပုဂ္ဂလိကဘဏ်တွေကနေ ဒေါ်လာ သန်း ၂၅၀,၀၀၀ ခွဲဖိုး အစုရှယ်ယာတွေကို
အမေရိကန်အစိုးရက ၀ယ်ယူနေပြီး ချေးငွေတွေနဲ့ အပ်နှံငွေတွေအပေါ် အစိုးရအာမခံ
ကြေးတွေကို တိုးမြှင့်လိုက်ပါတယ်။

President Bush delivers remarks on the economy in the Rose Garden of the White House in Washington, Tuesday, 14 Oct. 2008
အမေရိကန်သမ္မတဘုရှ်  မိန့်ခွန်းပြောကြားနေစဉ်။
အောက်တိုဘာ ၁၄၊ ၂၀၀၈။
ဒီအစီအစဉ်ဟာ ဘဏ္ဍာရေးစနစ်ထဲမှာ
ယုံကြည်မှု ပြန်တည်ဆောက်ပေးပြီး
ဘဏ်တွေအနေနဲ့ ငွေပြန်ချေးအောင် အားပေး
လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း အမေရိကန်
သမ္မတဘုရှ် (Mr. Bush) က အိမ်ဖြူတော်မှာ
ဒီကနေ့ပြောပါတယ်။ ရပ်တန့်နေတဲ့ ငွေချေး
ဈေးကွက်ဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး
ဆုတ်ယုတ်ပျက်ပြားမယ့်အရေး ခြိမ်းခြောက်
နေတယ်လို့ စီးပွားရေးပညာရှင်တွေက
ပြောပါတယ်။

ဘဏ်တွေမှာ အစိုးရက၀င်ပြီး စွက်ဖက်တာ
ဟာ လွတ်လပ်တဲ့ဈေးကွက်ကို ထိန်းချုပ်ဖို့မဟုတ်ဘဲ ထိန်းသိမ်းဖို့သာ ဖြစ်ပါတယ်လို့
မစ္စတာဘုရှ်က ပြောပါတယ်။ ဒီလုပ်ရပ်ကို အစိုးရဟာ မလုပ်ချင်ဘဲ လုပ်ရတာသာဖြစ်ပြီး
စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေကြေးအရ အထောက်အပံ့မပြုဘဲ
ပစ်ထားတဲ့ တခြားနည်းလမ်းဟာ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူးလို့ ဘဏ္ဍာရေးဝန်ကြီး
ဟန်နရီပေါလ်ဆန်က (Henry Paulson) ပြောပါတယ်။

ဥရောပအစိုးရတွေက သူတို့ရဲ့ဘဏ်တွေကို ကယ်တင်ဖို့ ဒေါ်လာကုဋေ ၂၀,၀၀၀
အသုံးပြုမယ်လို့ ပြောလိုက်ပြီးတဲ့နောက် အမေရိကန်ကလည်း အလားတူ လုပ်ဆောင်
တာပါ။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available