Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

အာဆီယံ အရေးပေါ်ရန်ပုံငွေ ထူထောင်

15 October 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

လက်ရှိ ကမ္ဘာတ၀ှမ်းမှာ ကြုံတွေ့ နေရတဲ့ ငွေကြေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး
အာဆီယံဒေသတွင်း နိုင်ငံတွေကို အကူအညီပေးဖို့ အရေးပေါ်ရန်ပုံငွေတရပ် ထူ
ထောင်ကြဖို့ အာဆီယံနိုင်ငံတွေကြားမှာ သဘောတူခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတ
Gloria Arroyo က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဖိလစ်ပိုင် ဒေသဆိုင်ရာအရာရှိတွေကို
ပြောတဲ့မိန့်ခွန်းထဲမှာ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ် ၀ါရှင်တန် ဒီစီမှာကျင်းပခဲ့တဲ့ IMF
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ဘေးပန်း
ဆွေးနွေးပွဲအနေနဲ့ အာဆီယံ ၁၀ နိုင်ငံက ဘဏ္ဍာရေးအရာရှိတွေ ပြောဆိုခဲ့ကြပြီး
နောက်ပိုင်း အရေးပေါ်ရန်ပုံငွေထူထောင်ရေးကို သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။
ဒီရံပုံငွေထဲကို ကမ္ဘာ့ဘဏ်က ဒေါ်လာ ဆယ်ဘီလျံ စပြီးမတည်ပေးဖို့ ကတိပြုထားပြီး
IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ ၊ ADB အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အာဆီယံနဲ့
လက်တွဲနေတဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေကိုလည်း ရန်ပုံငွေ ၀ိုင်းထည့်
ဝင်ကြဖို့ ဖိလစ်ပိုင်သမ္မတက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရေးပေါ်ရန်ပုံငွေ
က အာဆီယံနိုင်ငံတွေ ကြုံတွေ့ နေရတဲ့ ငွေကြေးအခက်အခဲတွေကို ကူညီ ဖြေရှင်း
သွားလိမ့်မယ်လို့ ဆိုပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available