Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

ထိုင်းနှင့် နယ်စပ် ပြဿနာကြောင့် ကမ္ဘောဒီးယား စစ်သား နှစ်ဦး သေဆုံး

15 October 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

 ကမ္ဘောဒီးယား၊ ထိုင်း နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နယ်စပ် ဒေသအတွင်း တဘက် စစ်တပ်များ ပြစ်ခတ်ကြကြောင်း၊ စစ်သားနှစ်ယောက် သေဆုံးသွားကြောင်း၊ တနာရီလောက်ကြာအောင် ပြစ်ခတ်ကြကြောင်း ကမ္ဘောဒီးယား စစ်ဘက်တာဝန်ခံများက ပြောဆိုကြပါတယ်။ ထိုင်းစစ်ဘက်တာဝန်ခံများကလည်း မိမိတို့ဘက်က စစ်သား ငါးယောက် ဒဏ်ရာရသွားကြောင်း ကြေညာပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ ကြာမြင့်စွာကတည်းက အငြင်းပွားနေတဲ့ ရှေးဟောင်း ဘုရားကျောင်းအနီးမှာ တိုက်ခိုက်ကြတာပါ။ တပ်ဖွဲ့ဘယ်လောက် ပါဝင်တိုက်ခိုက်သလဲဆိုတာ ချက်ချင်း မသိရသေးပါဘူး။ နယ်စပ်မှာ ချထားတဲ့  တပ်ဖွဲ့များ အကူအညီ တောင်းလာရင် အသင့်ဖြစ်စေဖို့ ဂျက်တိုက်လေယာဉ် တပ်လန့်ထားတယ်လို့ ထိုင်းလေတပ်မှ ဗိုလ်ကြီး မွန်တို စကူကွန်းက ပြောဆိုပါတယ်။ ကမ္ဘောဒီးယား နိုင်ငံတွင်းရှိ ထိုင်းနိုင်ငံသားများ ကယ်တင် နိုင်ရေး၊ ထိုင်းသယ်ယူပို့ဆောင်ရေး လေယာဉ်များလည်း အသင့် ပြင်ထား ကြောင်းလဲ သူက ဆက်ပြောပါတယ်။ အဲဒီဒေသက ထိုင်းတပ်ဖွဲ့များ ၂၄နာရီအတွင်း ဆုတ်ခွာပါ၊ မဆုတ်ခွာရင် သူသေ ကိုယ်သေ စစ်မြေပြင် ဖြစ်သွားလိမ့်မယ်လို့ အင်္ဂါနေ့မှာ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆင်က သတိပေးလိုက်ပြီးနောက် နှစ်ဘက်ကြား တင်းမာမှု မြင့်မား လာခဲ့တာပါ။ တနင်္လာနေ့ တုန်းက ထိုင်း စစ်သား ၈၄ယောက် ကမ္ဘောဒီးယား နိုင်ငံတွင်း ၁ကီလိုအထိ ၀င်ရောက်ခဲ့ကြောင်း ကမ္ဘောဒီးယား ၀န်ကြီးချုပ်က ဆိုပြီး ထိုင်းဘက်ကတော့ ဒါဟာ ကင်းလှည့်တာလို့ ဖြေရှင်းထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available