VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 

ယနေ့ ဗွီအိုအေ »:

၄၅ ဘာသာစကား သတင်းများ
ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြ သင်္ဘော အိန္ဒိယ ရေတပ် နှစ်မြုပ်

19 November 2008

ဆိုမားလီယားကမ်းရိုးတန်းမှာ ရှိနေတဲ့ ပင်လယ်ဓားပြတွေရဲ့ သင်္ဘောတစင်းကို အိန္ဒိယ
ရေတပ်သင်္ဘောတစင်းက ဖျက်ဆီးနှစ်မြုပ်ပစ်လိုက်တယ်လို့ အိန္ဒိယရေတပ်က
ပြောကြားလိုက်ပါတယ်။ စပိ ဘုတ် ၂စင်း ခြံရံထားတဲ့ ပင်လယ်ဓားပြတွေရဲ့ ပင်မ
သင်္ဘောနဲ့ အိန္ဒိယရေတပ်သင်္ဘော တာဘာတို့အကြား အပြန်အလှန် ပစ်ခတ်မှုတွေ
ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ အိန္ဒိယစစ်အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် ပင်လယ်ဓားပြ
တွေက စစ်သင်္ဘောကို စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်တပ်က သူတို့သဘောင်္ကို နှစ်မြုပ်
ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အီဒင်ပင်လယ်ကွေ့မှာ အင်္ဂါနေ့က သင်္ဘော ၃ စင်းကို ပင်လယ်
ဓားပြတွေက အပိုင်စီးခဲ့တယ်လို့ ရေကြောင်းအရာရှိတွေက ပြောပါတယ်။ ဒါဟာ
သင်္ဘောသား ၁၆ ဦး အပါ ထိုင်းငါးဖမ်းသင်္ဘောတစင်း၊ သင်္ဘောသား ၂၅ ဦးပါ အီရန်
ကုန်တင်သင်္ဘောနဲ့ သင်္ဘောသား ၂၃ ဦး အနည်းဆုံးပါတဲ့ ဂရိသင်္ဘောတို့ ဖြစ်တယ်လို့
ဆိုပါတယ်။ တချိန်တည်းမှာပဲ သင်္ဘောသား ၂၅ ဦးပါ ဆော်ဒီရေနံတင်သင်္ဘောကို
ပင်လယ်ဓားပြတွေ ခြေကုပ်ယူထားတဲ့ ဆိုမာလီဆိပ်ကမ်း ဟာရာရာဆီကို ပင်လယ်
ဓားပြတွေက မောင်းနှင်ပြီး ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ အမေရိကန် အရာရှိ
တွေက ဆိုပါတယ်။


Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report အပြည့်အစုံ
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available