VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 

ယနေ့ ဗွီအိုအေ »:

၄၅ ဘာသာစကား သတင်းများ
အိုဘားမားကို အယ်လ်ကိုင်းဒါး ပုတ်ခတ်မှု သိက္ခာမဲ့ရာကျ

20 November 2008

ရွေးကောက်ခံ သမ္မတ ဘရက် အိုးဘားမားကို လူမျိုးရေးအရ စော်ကား တိုက်ခိုက်ထားတဲ့ အယ်လ်ကိုင်းဒါး (Al-Qaida) အဖွဲ့ရဲ့ ကြေညာချက်ဟာ ဂုဏ်သိက္ခာမဲ့၊ အသုံးမကျ နုံချာတဲ့ စကားတွေလို့ ခေါ်ဆိုပြီး သမ္မတ အိမ်ဖြူတော်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

မစ္စတာ အိုဘားမား ရွေးကောက်ခံရတဲ့အပေါ် အကြမ်းဖက်အုပ်စုရဲ့ ပထမဆုံးတုန့်ပြန်ချက်က အမေရိကန်ပြည်ထောင်စုဟာ ဘယ်လို လူမျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိပေးချက် တခုဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးနာ ပရီနိုး (Dana Perino) က ပြောပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အယ်လ်ကိုင်းဒါး အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် အိုင်မန် အယ်လ်-ဇာဝါရီ (Ayman al-Zawahri) ရဲ့အသံ ဖြစ်တယ်လို့ ဆိုထားတဲ့ အသံနဲ့ ကြေညာချက်ကို တင်ထားပြီး မစ္စတာ အိုဘားမားကို အာရေဘစ် ဘာသာစကားနဲ့ အိမ်ကျွန်လို့ ခေါ်ဆိုထားပါတယ်။ အင်္ဂလိပ်လို စာတမ်းထိုး ဘာသာပြန်ထားတာမှာတော့ အိမ် နီဂရိုးလို့ ဖော်ပြထားပါတယ်။ ဒီအသုံးအနှုန်းဟာ တချိန်က လူဖြူတွေကနေ လူမည်းတွေကို နှိမ့်ချခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ဇာဝါရီဟာ နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleeza Rice) နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) တို့လို ထင်ရှားတဲ့ တခြား အာဖရိကန်-အမေရိကန်တွေကိုလည်း စော်ကား တိုက်ခိုက်ခဲ့ပါတယ်။
 


Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report အပြည့်အစုံ
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available