VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 

ယနေ့ ဗွီအိုအေ »:

၄၅ ဘာသာစကား သတင်းများ
အာရှစတော့ခ်ဈေး ထပ်မံအရှုံးပေါ်

20 November 2008

ကမ္ဘာ့စီးပွားရေးကျဆင်းမှုတွေ ရေရှည်ကြာမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထပ်ပြီးရှိလာနေတဲ့
အတွက် အာရှစတော့ခ်ဈေးတွေ ဒီနေ့ ကျဆင်းခဲ့ရပါတယ်။ ဒါပေမယ့် သြစတြေးလျ
နိုင်ငံ၊ ဆစ်ဒနီမြို့က ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ သြစတြေးလျနဲ့ ဂျပန်
နှစ်နိုင်ငံက ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှုရဲ့ အဆိုးဆုံးကာလတွေကို လွန်မြောက်နိုင်
တယ်ဆိုပြီး ခန့်မှန်းပြောဆိုနေကြပါတယ်။ ဆစ်ဒနီမြို့ကနေ ဗွီအိုအေသတင်းထောက်
ဖေးလ် မာဆာ (Phil Mercer) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြ
ပေးထားပါတယ်။

ဒီနေ့လည်း အာရှစတော့ခ်ဈေးကွက်မှာ အကြိတ်အနယ် အလူးအလဲ ရုန်းကန်ရပြီး အရှုံး
တွေရင်ဆိုင်ခဲ့ရတဲ့ နောက်ထပ်နေ့တနေ့လို့ ပြောရမှာပါ။ ဂျပန် နစ်ကီအညွှန်းကိန်းဟာ
ဒီနေ့ ၇% လောက် ထိုးကျသွားခဲ့ပါတယ်။ ဟောင်ကောင် ဟန်ဆန်းအညွှန်းကိန်းလည်း
၎% ကျော် ကျဆင်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း စတော့ခ်ဈေးတွေ အကြီးအကျယ် ထိုးကျရပါတယ်။
အမေရိကန်ပြည်ထောင်စု ဝေါလ်စထရိ (Wall Street) ငွေကြေးဈေးကွက်မှာ နေ့ချင်း
ညချင်း အရှုံးတွေ ထပ်ပြီး အကြီးအကျယ် ပေါ်ခဲ့ရပြီးတဲ့နောက် အာရှစတော့ခ်ဈေးတွေ
လည်း လိုက်ပြိုလဲခဲ့တာပါ။

သြစတြေးလျ၊ အိန္ဒိယနဲ့ ထိုင်ဝမ်မှာ ဈေးကွက်အခြေအနေ နိမ့်ကျနေခဲ့ပါတယ်။ ကမ္ဘာ
တ၀ှမ်း စီးပွားရေးကျဆင်းမှုတွေဟာ မျှော်လင့်ထားတာထက် ပိုပြီး ကြာလာနိုင်တယ်၊
အခက်အခဲတွေ ကြုံရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေလို့လည်း စတော့ခ်
ဈေးကွက် အခြေအနေလည်း အရောင်းထိုင်းနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ဂျပန်နိုင်ငံရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေကို တင်ပို့တဲ့ ကုန်ပမာဏဟာ
၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လျော့ကျသွားခဲ့တယ်ဆိုတဲ့ ကိန်းဂဏန်းတွေ
ထွက်လာခဲ့ပါတယ်။ ဒီအချက်ကြောင့် ဈေးကွက်အခြေအနေ ပြောင်းလဲလာအောင်
အထောက်အကူမဖြစ်ခဲ့ပါဘူး။

ဆစ်ဒနီမြို့မှာကျင်းပတဲ့ သြစတြေးလျ၊ ဂျပန် စီးပွားရေး ရှု့မြင်သုံးသပ်ချက်ဆိုင်ရာ
ညီလာခံမှာ ဘဏ်လုပ်ငန်းရှင်တွေနဲ့ အစိုးရအရာရှိတွေက လက်ရှိ ငွေကြေးအကျပ်
အတည်းကို သုံးသပ်ခဲ့ကြပါတယ်။

စီးပွားရေးပညာရှင် တော်တော်များများက ဂျပန်နိုင်ငံ စီးပွားရေးဟာ ဆုတ်ယုတ်မှုတွေ
ကြုံနေရတယ်လို့ မြင်ကြပါတယ်။ ၂၀၀၉ ခုနှစ် နှစ်ကုန်မှာ ပြန်ပြီး ခေါင်းမော့လာနိုင်
မယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကတော့ စီးပွားရေး မတည်ငြိမ်မှု
တွေရဲ့ အဆိုးဆုံးကာလကို လွတ်မြောက်နိုင်မယ်၊ စီးပွားရေးနှေးကွေးမှုဒဏ်ကိုလည်း
ခံနိုင်ရည်ရှိသင့်တယ်ဆိုပြီး လေ့လာဆန်းစစ်သူတွေက တွက်ဆထားပါတယ်။

သြစတြေးလျ၊ ဂျပန် စီးပွားရေး ရှုမြင်သုံးသပ်ချက်ညီလာခံ ကျင်းပရေး ကမကထ
လုပ်သူတဦးဖြစ်တဲ့ မန်နူရယ် ပန်နာဂီအိုတော့ပိုလတ်စ် (Manuel Panagiotopoulos)
က အခုလို အင်အားကြီးနှစ်နိုင်ငံ အစည်းအဝေးအတွင်းမှာ စီးပွားရေးထိုင်းမှိုင်းမှုတွေရဲ့
အရိပ်ကို သိသိသာသာ မြင်တွေ့နေရတယ်လို့ ပြောပါတယ်။

"ယေဘုယျအခြေအနေကိုကြည့်ရင် စိတ်မသက်မသာနဲ့ လေးလံနေတာ တွေ့နေရပါ
တယ်။ ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးဆုတ်ယုတ်မှုတွေ ရှိနေတယ်ဆိုရင်တောင် သိပ်ပြီး
မဆိုးသေးတဲ့ ဆုတ်ယုတ်မှုပါ။ ကုသိုလ်ကံကောင်းတာက ဂျပန်ငွေကြေးဈေးကွက်အနေ
နဲ့ ကမ္ဘာ့ချေးငွေ Credit အကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုကို သိပ်ပြီး မခံရနိုင်ပါဘူး။

"ဂျပန်ဘဏ်တွေက ငွေကြေးလည်ပတ်ဖို့ စနစ်တကျ စည်းမျဉ်းတွေချ ဆောင်ရွက်ထား
သလို အိမ်ဝယ်ဖို့ ငွေချေးတဲ့အခါ စည်းကမ်းမတင်းကျပ်ဘဲ လွယ်လွယ်ထုတ်ပေးတာမျိုး
သိပ်မရှိပါဘူး။ သြစတြေးလျနိုင်ငံကလည်း အလားတူအခြေအနေမျိုး ရှိပါတယ်။
ကျနော်တို့လည်း စီးပွားရေးအလှည့်အပြောင်းမှာ အများလို ဆုတ်ယုတ်မှုတွေ ရှိမယ်
ဆိုပေမယ့် သူများနိုင်ငံတွေလောက်တော့ အခြေအနေဆိုးမှာ မဟုတ်ပါဘူး။"

သြစတြေးလျ၊ ဂျပန် စီးပွားရေးရှုမြင်သုံးသပ်ချက်ညီလာခံ ကျင်းပရေး ကမကထလုပ်သူ
တဦးဖြစ်တဲ့ မန်နူရယ် ပန်နာဂီအိုတော့ပိုလတ်စ်ရဲ့ အမြင်ပါ။

ဒီလို အလားတူအမြင်မျိုး သြစတြေးလျဗဟိုဘဏ် အကြီးအကဲ ဂလန်း စတီဖန်စ်
(Glenn Stephens) ကလည်း ရှုမြင်ပါတယ်။ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်မှာ တာဝန်
သိသိ ချမှတ်ဆောင်ရွက်နေတဲ့ နိုင်ငံတွေအနေနဲ့ ဒီ ငွေကြေးဆုတ်ယုတ်မှုကို ပိုပြီး
ခံနိုင်ရည်ရှိမယ်လို့ ပြောပါတယ်။ စီးပွားရေးဆုတ်ဆိုင်းမှုတွေကနေ ပြန်လည်နိုးထလာ
အောင် လုပ်နိုင်မယ့် အမြော်အမြင်တွေရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း လူတိုင်းကတော့ ဒီလိုအကောင်းမြင်ကြတာတော့ မဟုတ်ပါဘူး။
သြစတြေးလျနိုင်ငံမှာ အဓိကဘဏ်ကြီးတခုဖြစ်တဲ့ Westpac ကတော့ ရှေ့နှစ်အတွင်း
သြစတြေးလျနိုင်ငံလည်း စီးပွားရေးဆုတ်ယုတ်မှုတွေ ရှိလာနိုင်တယ်လို့ ကြိုတင်ခန့်မှန်း
ထားပါတယ်။

Listen to This Report Phil Mercer's Report in Burmese
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report Phil Mercer's Report in Burmese
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available