VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
စီးပွားရေးဆုတ်ယုတ်မှုကြောင့် ကမ္ဘာ့ကားစက်ရုံ အလုပ်သမားများ အထိနာ

21 November 2008

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့ ကုန်ပစ္စည်းဝယ်ယူသုံးစွဲမှုအား ကျဆင်းမှုတို့ကြောင့် ကမ္ဘာ
နဲ့အ၀ှမ်း ကုမ္ပဏီအများစုဟာ ထုတ်လုပ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အလုပ်သမား
အင်အားတွေကို လျှော့ချနေပါတယ်။ အခုလို စီးပွားရေးကျဆင်းမှုကြောင့် မော်တော်
ကားကုမ္ပဏီတွေကတော့ အထိအနာဆုံး ဖြစ်ပါတယ်။

ပြင်သစ်ကားကုမ္ပဏီ ပျူဂျို စီထရောင်း (Peugeot Citroen) က ဒီနေ့မှာ အလုပ်သမား
အင်အား ၃,၅၀၀ ကို လျှော့ချလိုက်ပါတယ်။ ဂျာမဏီရဲ့ ဒိုင်မလာ (Daimler)၊ ဂျပန်နိုင်ငံ
က မာဇဒါ (Mazda) နဲ့ အီစူဇူး (Isuzu)၊ ထိုင်းနိုင်ငံက ဂျင်နရယ်မော်တော် (General
Motors) တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အလုပ်သမားအင်အားတွေကို လျှော့ချ
ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အရှေ့ဘက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက ၁၈ နှစ်အတွင်း
ထုတ်လုပ်မှု အနိမ့်ဆုံးကို ရောက်ခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်
ကြေညာချက်အရ ပစ္စည်းဝယ်ယူတဲ့အမှာတွေ၊ ပစ္စည်းတင်ပို့မှုတွေနဲ့ အလုပ်သစ်ခန့်အပ်
မှုတွေဟာလည်း အလုပ်သမားဈေးကွက် အင်အားလျှော့ချသလိုပဲ အတော်လေးကို
လျော့နည်းပြီး စိုးရိမ်စရာ ကောင်းနေပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ကို ကြည့်ခြင်း
အားဖြင့် အမေရိကန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍ အခြေအနေကို ခန့်မှန်းသိရှိနိုင်ပါ
တယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ကုမ္ပဏီအများစုက အလုပ်တွေ လျှော့ချနေတဲ့အတွက် အလုပ်လက်မဲ့
ဦးရေဟာ နောင်နှစ်အထိ ဆက်ပြီး များနေမှာဖြစ်တယ်လို့လည်း အချို့စီးပွားရေးပညာ
ရှင်တွေက သုံးသပ်နေပါတယ်။

Listen to This Report သတင်း
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report သတင်း
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်  Audio Clip Available

  More From VOA
ဆူဒန်သမ္မတ ခုံရုံးတင်ရေး တရုတ် သဘောမကျ  Audio Clip Available
လက်ဘနွန်ဘက်ကနေ အစ္စရေးကို ရော့ကက်နဲ့ ပစ်ခတ်  Audio Clip Available
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ  Audio Clip Available
သုံးနာရီ အပစ်ရပ်ရုံနဲ့ ဂါဇာလူထုအတွက် စားနပ်ရိက္ခာ မလုံလောက်နိုင်  Audio Clip Available
ရုရှား သဘာဝဓာတ်ငွေ့ ပိတ်လို့ ဥရောပ ဒုက္ခရောက်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ ထပ်ဆင့် ထောင်ပြောင်းရွှေ့ခံနေရ  Audio Clip Available
အာဆီယံ  ညီလာခံ ထိုင်း အပန်းဖြေမြို့ကိုရွှေ့
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင် တွေ့ရှိ  Audio Clip Available
ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတ၀န်း ပျံ့နှံ့  Audio Clip Available