VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

25 အောက်တိုဘာ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
အီရတ် ကားဗုံးခွဲမှု လူ ၁၅၀ နီးပါး သေဆုံး

25 October 2009

Iraqis gather at the site of a massive bomb attack at the Ministry of Justice in Baghdad, Iraq, Sunday, Oct. 25, 2009.AP
ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် တရားရေးဌာန အဆောက်အအုံနှင့် အနီးဝန်းကျင်ကို တွေ့ရစဉ်။ အောက်တိုဘာ ၂၅၊ ၂၀၀၉။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ ပြင်းထန်တဲ့ ကားဗုံးခွဲ တိုက်ခိုက်မှု ၂ ခုကြောင့် လူပေါင်း ၁၄၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လပေါင်းများစွာအတွင်း သေကြေမှုအများဆုံး ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း နောက်ထပ် လူပေါင်း ၅၀၀ ကျော်ဟာလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။

တနင်္ဂနွေနေ့တုန်းက ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုက ပြည်နယ် အုပ်ချုပ်ရေးရုံး အဆောက်အအုံတခုနဲ့ တရားရေးဌာနတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အပျက်အစီးတွေ အောက်က အလောင်းတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်တာမို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်းလည်း ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။

ပေါက်ကွဲမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီးကီး (Nouri al-Maliki) အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုပြီး ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

လွန်ခဲ့တဲ့နှစ်အတွင်း အီရတ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ သိသိသာသာ လျော့ကျသွားခဲ့ပေမဲ့လည်း လာမယ့်နှစ် ဇန်န၀ါရီလ ရွေးကောက်ပွဲ မတိုင်မီ တိုက်ခိုက်မှုတွေ တိုးလာနိုင်ကြောင်း အစိုးရ တာဝန်ရှိသူတွေက သတိပေးထားတာပါ။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ ၀န်ကြီးချုပ် မာလီးကီးနဲ့ သမ္မတ ဂျလားလ် တာလာဘာနီ (Jalal Talabani) တို့ကို တိုက်ခိုက်မှုအတွက် ၀မ်းနည်းကြောင်း ပြောဆိုခဲ့သလို အီရတ်နိုင်ငံကို အမေရိကန်က ထောက်ခံမှုရှိနေတဲ့ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA