အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့လုပ်ဆောင်ရေးမှာ
အမေရိကန် ဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ဒီမိုကရေစီရေး တိုးတက်မှုတွေ မရှိမခြင်း
အမေရိကန်ရဲ့  မြန်မာပြည်ကို ပိတ်ဆို့အရေးယူ လုပ်ကိုင်ထားတာတွေကို ရုတ်သိမ်း မှာ မဟုတ်ဘူးလို့
မြန်မာပြည်ကို နှစ်ရက်ကြာ ခရီးသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတွေက
ပြောဆိုလိုက်ပါတယ်။