VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

11 နိုဝင်ဘာ 2009 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
Fort Hood စစ်စခန်း ကျဆုံးသူတွေကို သမ္မတ အိုဘားမား ဂါရ၀ပြု

11 November 2009

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် Fort Hood တပ်မြို့ စစ်စခန်းထဲမှာ စိတ်ရောဂါကု ဆရာဝန် ဗိုလ်မှူးတဦးက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ အမေရိကန် ၁၃ ယောက်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အင်္ဂါနေ့က အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်ရောက်ခဲ့ပါတယ်။

ပင်လယ်ရပ်ခြားက စစ်ပွဲတွေမှာ ကျဆုံးတာ မဟုတ်ဘဲနဲ့ အမေရိကန် မြေပေါ်မှာ အခုလို ၀မ်းနည်းဖွယ်ရာ အဖြစ်နဲ့ သေဆုံးသွားကြသူတွေအတွက် ပိုမို စိတ်ထိခိုက် နာကျင်ရပြီး ဒါမျိုးဖြစ်ရတဲ့အတွက် နားမလည်နိုင်အောင်လည်း ဖြစ်ရတယ်လို့ သမ္မတ အိုဘားမားက အဲဒီအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

အခုအဖြစ်အပျက်ကို လိုသလို ကောက်ချက်ဆွဲယူပြီး ဝေဖန်ပြောဆိုနေမှုဟာ မသင့်လျော်သလို ဘယ်ဘာသာတရားမှာမှ အခုလို သတ်ဖြတ်မှုမျိုး၊ ရက်စက် ကြမ်းကြုတ်မှုမျိုး လုပ်ခွင့်ပေးထားတယ်ဆိုတာ မရှိဘူးလို့လည်း သမ္မတ အိုဘားမားက ဆိုပါတယ်။

ဒီပစ်ခတ် သတ်ဖြတ်မှုကို ကျူးလွန်သူ ဗိုလ်မှူး နီဒဲလ် မာလစ်ခ် ဟာဆန် (Nidal Malik Hasan) ဟာ အစ္စလမ်ဘာသာဝင်တဦး ဖြစ်ပါတယ်။

သေဆုံးရသူ ၁၃ ဦးအတွက် သမ္မတ အိုဘားမားက တဦးစီကို အကျဉ်းချုံးပြီး ၀မ်းနည်းစကား ပြောကြားသွားခဲ့ပါတယ်။ Fort Hood တပ်မြို့ စစ်စခန်း ပစ်ခတ်မှုမှာ သေဆုံးရသူတွေဟာ စစ်သည် ၁၂ ဦးနဲ့ အရပ်သားတဦး ဖြစ်ပါတယ်။

ဒီဝမ်းနည်းခြင်း အခမ်းအနားကို မတက်ရောက်ခင်မှာ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့ဟာ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ သီးသန့်တွေ့ဆုံ နှစ်သိမ့် အားပေးခဲ့ပါတယ်။

ဒီကနေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားမှာ တက်ရောက်သူ ထောင်နဲ့ချီပြီး ရှိခဲ့ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story

  More From VOA
ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွှဲပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်  Audio Clip Available
အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်  Audio Clip Available
Fort Hood စစ်စခန်း ကျဆုံးသူတွေကို သမ္မတ အိုဘားမား ဂါရ၀ပြု  Audio Clip Available
သမ္မတ အိုဘားမား စင်ကာပူမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်  Audio Clip Available
အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခွင့် ပြုခဲ့တဲ့အတွက် မြန်မာစစ်အစိုးရကို ဒေါ်စု ကျေးဇူးတင်  Audio Clip Available
ဘာလင်တံတိုင်း ပြိုကျခြင်း နှစ်ပတ်လည် ဂျာမဏီ ကျင်းပ  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်မယ်လို့ စစ်အစိုးရ အရာရှိတဦး ပြောဆို  Audio Clip Available
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာ ခရီးစဉ် ထွက်မည်  Audio Clip Available