Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
နှစ်ခြောက်ဆယ်ပြည့် မြန်မာ့လွတ်လပ်ရေးနေ့

05 January 2008
ဗွီဒီယိုကြည့်ရန် (WMV) - Download 10.4MB - အစီအစဉ်ကိုရယူရန် (WM) video clip
ဗွီဒီယိုကြည့်ရန် (WMV) - Download 10.4MB - ကြည့်ရှုရန် (WM) video clip

protest2_ap010408
လွတ်လပ်ရေးနေ့က ဆန္ဒပြနေကြသည့် အန်လ်ဒီ လူငယ်များ (ဓာတ်ပုံ - အေပီ)
မြန်မာ့လွတ်လပ်ရေး အနှစ်ခြောက်ဆယ်ပြည့် အခမ်းအနားတွေကို မြန်မာ စစ်အစိုးရဘက်ကရော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLDပါတီဘက်ကရော သီးခြားစီ ကျင်းပခဲ့ကြပါတယ်။ NLDပါတီ ကတော့ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်း တုန်းက အဖမ်းခံထားရသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆို ခဲ့ပါတယ်။

NLD အဖွဲ့ဝင် လူငယ်နှစ်ဦးဟာ လွတ်လပ်ရေးနေ့ မတိုင်ခင်ညကပဲ ထိန်းသိမ်းခံလိုက်ရပြီး အခုဆိုရင် ဖမ်းခံရတဲ့ ပါတီဝင်ပေါင်း ၉၇ဦးရှိသွားပြီလို့ NLDပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေးနေ့မှာ NLD ပါတီဝင်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေက ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ရှေ့မှာ ၁၀မိနစ်လောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အရပ်ဝတ် အရပ်စားနဲ့ စစ်ဘက်အရာရှိတွေက ဗွီဒီယိုရိုက်ကူးခဲ့ကြပါတယ်။

မြန်မာ့ လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲတဲ့ အခမ်းအနားတွေ တော့ မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လွတ်လပ်ရေး နှစ်ပတ်လည် နှုတ်ခွန်းဆက်စကားမှာတော့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ တတိုင်းပြည်လုံးပါဝင်ဆောင်ရွက်ဖို့ကို တိုက်တွန်း ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စက်တင်ဘာ ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုခြင်းမရှိဘဲ သူဟာ စစ်တပ်ရဲ့ ဒီမိုကရေစီ လမ်းညွန်မြေပုံအတိုင်း ဒီမိုကရေစီ ဖော်ဆောင်သွားမယ်လို့ပဲ အကြိမ်ကြိမ် ပြောဆိုနေတာပါ။

 

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင်  Audio Clip Available

  More From VOA
နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်  Audio Clip Available
ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ  Audio Clip Available
ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်  Audio Clip Available
စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်  Audio Clip Available
အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး  Audio Clip Available
ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ  Audio Clip Available