Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပုတ်ခတ်ရေးသားသည်ဆိုသည့် ကဗျာတပုဒ် ပြည်တွင်းဂျာနယ်တစ်ခုတွင် ဖေါ်ပြ

26 January 2008
နန္ဒာချမ်း - အစီအစဉ်ကိုရယူရန် (WM) video clip
နန္ဒာချမ်း - ကြည့်ရှုရန် (WM) video clip

MyanmarJournals2
မြန်မာပြည်တွင်းမှ ဂျာနယ်ဖတ်သူများ (ဓာတ်ပုံ - အေပီ)

မြန်မာနိုင်ငံမှာ စာပေ ရေးသားထုတ်ဝေခွင့်တွေကို တင်းတင်းကြပ်ကြပ်
ချုပ်ကိုင်ထားတဲ့ကြားကပဲ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပစ်မှတ်ထားပြီး လျို့ဝှက် ဝေဖန်ရေးသားတဲ့ ကဗျာတပုဒ် ဒီတပတ်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ဇန္ဒ၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်ပါ ကဗျာဆရာ စောဝေရဲ့ ကဗျာတပုဒ်က သာမန်အားဖြင့် ဖတ်မယ်ဆိုရင် ဗာလင်တိုင်း ချစ်သူများနေ့အတွက် ကဗျာတပုဒ်လို့ ထင်စရာပါ။ ဖေဖော်ဝါရီ ဆယ့်လေးလို့ နာမည်ပေးပါတယ်။ ဒါပေမယ့်လည်း ကဗျာပါ စာကြောင်းတွေက ရှေ့စာလုံးတွေကို ပေါင်းဖတ်လိုက်မယ်ဆိုရင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို
ဝေဖန်တိုက်ခိုက်တဲ့ အဓိပ္ပါယ်တွေ တွေရပါတယ်။ ဒီလို ဝေဖန်ရေးသားတဲ့ ကဗျာဆရာ စောဝေကို အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့လည်း ရန်ကုန် စာပေအသိုင်း
အ၀ိုင်းကပြောပါတယ်။ ကဗျာဆရာစောဝေအနေနဲ့ ဒီကဗျာကို ရည်ရွယ်ချက်ရှိရှိ ရေးခဲ့တာဖြစ်နိုင်တယ်လို့ ရန်ကုန်စာပေအသိုင်း
အ၀ိုင်းက ခန့်မှန်းပါတယ်။ မြန်မာစစ်အစိုးရက အတိုက်အခံတွေရဲ့ စာပေရေးသားထုတ်ဝေခွင့်အပါအ၀င် ပြည်တွင်း ထုတ်ဝေတဲ့စာဆောင်တွေအပေါ် တင်းတင်းကြပ်ကြပ် ကန့်သတ်ပိတ်ပင်ထားပါတယ်။ ဒီကြားထဲကပဲ စစ်အစိုးရကို ဝေဖန်ရေးသားတဲ့ စာတွေ ဒီစာစောင်တွေကနေ ထွက်ပေါ်ခဲ့ဘူးပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၈၄၅၈အထိ တိုးလာနေ  Audio Clip Available

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား