Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အင်တာနက် ဘလော့ဂ်ရေးသူတစ်ဦးကို မြန်မာ အာဏာပိုင်များ ဖမ်းဆီး

04 February 2008
ဦးကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (WM) video clip
ဦးကျော်ကျော်သိန်း - ကြည့်ရှုရန် (WM) video clip

NayPhoneLatt
အဖမ်းခံရသည့် ဘလော့ဂ်ရေးသူ ကိုနေဘုန်းလတ် လွတ်မြောက်ရေး တောင်းဆိုထားသည့် အင်တာနက်မှ ဓာတ်ပုံ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ မြန်မာစစ်အစိုးရက အင်တာနက်မှာ ဘလော့ဂ်စာမျက်နှာ ဖွင့်ထားတဲ့ ဘလော့ဂ်ဂါတစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းကြောင့် မြန်မာနိုင်ငံအတွင်း အင်တာနက်သုံးသူတွေ အထူးသတိထားနေရတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

အင်တာနက်ဆိုင်တွေကလည်း အီးမေးလ်သုံးသူတွေ၊ ၀က်ဘ်ဆိုက်တ်တွေလာပြီး ကြည့်တဲ့သူတွေကို ဆိုင်ရှင်တွေက သတိထားစောင့်ကြပ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အင်တာနက် ဘလော့ဂ်စာမျက်နှာဖွင့်ထားတဲ့သူတွေကို ဖမ်းဆီးတာဟာ အင်တာနက်သတင်းအချက်အလက်တွေကို ပိတ်ပင်ဟန့်တားနေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေထဲက နောက်ဆုံးခြေလှမ်းတစ်ခု ဖြစ်တယ်ဆိုပြီး သတင်းလွတ်လပ်ခွင့် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပြစ်တင်ရှုတ်ချပါတယ်။

ဘလော့ဂ်ဂါတစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ဟာ သူ့ အင်တာနက်စာမျက်နှာမှာ အနုပညာအကြောင်းတွေနဲ့ ၀တ္ထု၊ ကဗျာတွေ တင်ပြရေးသားနေသူ ဖြစ်ပါတယ်။ ကိုနေဘုန်းလတ်ကို ပြန်လွှတ်ပေးဇို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေလည်း အင်တာနက်စာမျက်နှာတွေမှာ တွေ့နေရပါတယ်။

ရန်ကုန်မြို့ခံ အင်တာနက်သုံးတဲ့ လူငယ်တွေကတော့ အင်တာနက်ဟာ ဒီနေ့ခတ်ရဲ့ သတင်းအချက်အလက်တွေ အဓိက ရှာဖွေတဲ့နေရာဖြစ်ပြီး ဒီလို ဘလော့ဂ်ရေးသူတွေကို ဖမ်းဆီးတာတွေ အာဏာပိုင်တွေဘက်က မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင်  Audio Clip Available

  More From VOA
နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်  Audio Clip Available
ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ  Audio Clip Available
ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်  Audio Clip Available
စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်  Audio Clip Available
အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး  Audio Clip Available
ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ  Audio Clip Available