Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ပဒိုမန်းရှာ လုပ်ကြံခံရမှု ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

15 February 2008
ကေသွယ်ခိုင် - အစီအစဉ်ကိုရယူရန် (WM) video clip
ကေသွယ်ခိုင် - ကြည့်ရှုရန် (WM) video clip

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းကို လုပ်ကြံသတ်ဖြတ်သွားခဲ့တဲ့ သူတွေ အသုံးပြုခဲ့တဲ့ ပစ်ကပ် ကားကို ထိုင်းမြန်မာနယ်စပ်အနီးမှာ ရှာဖွေတွေ့ရှိခဲ့ပါပြီ။  ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ညနေပိုင်းမှာ သေနတ်သမား သုံးဦးက အဲဒီကားနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ပဒိုမန်းရှာလားဖန်းနေအိမ်ကို ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်ထိတော့ ပဒိုမန်းရှာလားဖန်းကို  လုပ်ကြံသတ်ဖြတ်သူက ဘယ်သူဖြစ်တယ်၊ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ လုပ်ကြံသတ်ဖြတ်သူတွေဟာ ကရင်လို ပြောဆိုနုတ်ဆက်ခဲ့တဲ့ လူငယ်အရွယ်တွေ ဖြစ်တယ်လို့တော့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဖေဖေါ်ဝါရီလ ၁၅ရက် သောကြာနေ့က ရှာဖွေတွေရှိခဲ့တဲ့ အဲဒီပစ်ကပ်ကားဟာ ထိုင်းလူမျိုးတစ်ဦးပိုင်တဲ့ ကားဖြစ်ပြီး အဲဒီကားကို ကရင်ဗုဒ္ဓဘာသာ အဖွဲ့ဝင်တွေက အမြဲတမ်း လိုလို ငှားစီးနေကျဖြစ်တယ်လို့ ထိုင်းရဲအရာရှိတွေက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ပဒိုမန်းရှာဟာ မြန်မာစစ်အစိုးရနဲ့ ကေအန်ယူကြား ငြိမ်းချမ်းရေး စေ့စပ်ပြောဆိုမှုတွေမှာ သဘောထားတင်းမာ ပြတ်သားသူဖြစ်တယ်။ မြန်မာစစ်အစိုးရကိုယ်တိုင်ကလည်း မြန်မာနိုင်ငံထဲမှာ ပြဿနာတွေဖြစ်ပွားတိုင်း မကြာခဏဆိုသလို သူ့ကို အပြစ်တင် စွပ်စွဲပြောဆိုတတ်တာမျိုးတွေ ရှိတာကြောင့် မလိုမုန်းထားမှုတွေဟာလည်း လုပ်ကြံမှုရဲ့ အကြောင်းရင်းခံတွေ ဖြစ်မယ်လို့ ယူဆမှုတွေ ထွက်ပေါ်နေပါတယ်။

ပဒိုမန်းရှာလားဖန်းဟာ ၂၀၀၀ ခုနှစ် ကတည်းက အထွေထွေ အတွင်းရေးမှူး အဖြစ်နဲ့ ကေအန်ယူအဖွဲ့မှာ တာဝန်ထမ်းခဲ့သူဖြစ်ပြီး၊ မြန်မာ့ အတိုက်အခံ နိုင်ငံရေးလောကမှာ နာမည်ကြီး ထင်ရှားတဲ့သူ၊   ဟိတ်ဟန်၊ ၀င့်ဝါမှုကင်းမဲ့ပြီး ရိုးသားအေးဆေးတဲ့သူလို့ နာမည်ကြီးပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင်  Audio Clip Available

  More From VOA
နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်  Audio Clip Available
ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ  Audio Clip Available
ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်  Audio Clip Available
စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်  Audio Clip Available
အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး  Audio Clip Available
ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ  Audio Clip Available