Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အမေရိကန် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ နိုင်ငံခြားသားကျောင်းသားများထူးချွန်

24 February 2008
ကြည့်ရှုရန် - အစီအစဉ်ကိုရယူရန် (WM) video clip
ကြည့်ရှုရန် - ကြည့်ရှုရန် (WM) video clip

international-students
ီနိုင်ငံခြားသား ကျောင်းသားများ

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အမေရိကန်
တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ နိုင်ငံခြားသား
ကျောင်းသားဦးရေ ၆၀၀,၀၀၀ နီးပါးရှိခဲ့ပြီး
အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံ ၀င်ငွေ
ရှိခဲ့တာကြောင့် အရင်နှစ်ကထက် ၁ ဘီလီယံ
ဒေါ်လာ တိုးလာတယ်လို့ အမေရိကန် နိုင်ငံ တကာပညာရေးဌာနရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံတကာပညာရေးဌာနရဲ့
ဥက္ကဋ္ဌ Dr Allen Goodman က နိုင်ငံခြား
သား ကျောင်းသားတွေဆီက ရတဲ့ဝင်ငွေဟာ အမေရိကန်နိုင်ငံက နာမည်ကြီး ဘောလုံးအသင်းကြီးတွေက ရတဲ့ဝင်ငွေထက် ပိုများတယ်လို့ဆိုပါတယ်။

၂၀၀၆ ခုနှစ်အတွင်း အမေရိကန်တက္ကသိုလ်တွေက ပေးအပ်တဲ့ ပါရဂူ ဒေါက်တာ ဘွဲ့တွေရဲ့ သုံးပုံတပုံကို နိုင်ငံခြားသားကျောင်းသားတွေက ရရှိခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ရာစုနှစ်ထဲမှာ ဆေးပညာနဲ့ ခန္ဓာဗေဒ နိုဘဲလ်ဆုရရှိသူ အမေရိကန်သုံးဦးအနက် တဦးဟာ နိုင်ငံခြားမှာမွေးဖွားသူဖြစ်ပါတယ်၊ နိုင်ငံခြားသားကျောင်းသားတွေဟာ သိပ္ပံပညာမှာ ထူးချွန်ထက်မြက်ကြတယ်လို့လည်း ဒေါက်တာ Goodman က ပြောပါတယ်။

၂၀၀၁ ခုနှစ် အကြမ်းဖက်မှုကြီးအပြီး အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတွေ တင်းကြပ်လိုက်တာကြောင့် ပညာသင်ကြားလိုကြသူတွေအတွက်ပညာရေးနဲ့အလှမ်းဝေးသွားမှာကို တချို့အမေရိကန် တာဝန်ရှိ သူတွေက စိတ်ပူနေကြတယ်လို့ အမေရိ ကန် အောက်လွှတ်တော်အမတ် Vernon Ehlers က ပြောပါတယ်။ ဒီလို တင်းတင်းကြပ်ကြပ်သတ်မှတ်မှုတွေကြောင့် တရားဝင် ၀င်ခွင့်မရကြလို့ လူ တော်လူကောင်း တော်တော်များများဟာ ဒီကိုမလာ နိုင်ကြဘူး လို့ ထင်တဲ့ အကြောင်း လည်း သူကဆိုပါတယ်။

ဒီလိုစိုးရိမ်မကင်းဖြစ်ရတာတွေနဲ့ ပတ်သက်လို့ အမေရိကန်အောက်လွှတ်တော် မှာ ကြားနာပွဲတရပ်ပြုလုပ်ခဲ့ပါတယ်၊ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ သိပ္ပံ သံတမန်ရေးကို ဘယ်လိုအားဖြည့်ကြမလဲဆိုတဲ့ကြိုးပမ်းမှုတွေထဲက ပထမ အကျော့ကြားနားပွဲပဲဖြစ်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင်  Audio Clip Available

  More From VOA
နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်  Audio Clip Available
ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ  Audio Clip Available
ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်  Audio Clip Available
စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်  Audio Clip Available
အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး  Audio Clip Available
ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ  Audio Clip Available