Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
သမုဒ္ဒရာမျော မြန်မာများ သီရိလင်္ကာရေတပ်ကြောင့် သေကံမရောက်

04 March 2008
ဦးကျော်ကျော်သိန်း - အစီအစဉ်ကိုရယူရန် (WM) video clip
ဦးကျော်ကျော်သိန်း - ကြည့်ရှုရန် (WM) video clip

030308SriLankaBurmeseRescue
သီရိလင်္ကာရေတပ်မှ မြန်မာနိုင်ငံသားတွေ ကို ကယ်တင်ပြီး တွေ့ရပုံ။ (ဓာတ်ပုံ - အေပီ)

အိန္ဒိယသမုဒ္ဒရာထဲမှာ စက်လှေအင်ဂျင်ပျက်
ပြီး သီတင်းပတ်နှစ်ပတ်လောက် ပင်လယ်ပြင်
မှာ မျောနေခဲ့တဲ့ မြန်မာနိုင်ငံသားတွေနဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၀ ကျော်ကို သီရိ လင်္ကာရေတပ်က ကယ်ဆယ်လိုက်ပါတယ်။ မြန်မာနိုင်ငံသား ၅၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
သား ၂၁ ယောက်ကို ကယ်တင်ခဲ့တာဖြစ်ပါ
တယ်။

ရက်ပေါင်းများစွာ ပင်လယ်ထဲမှာ မျောပါနေ
ခဲ့တဲ့အချိန် အစားသောက်ပြတ်ပြီး စက်လှေပေါ်မှာ ပါလာတဲ့သူ တော်တော်များများ
လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ကိုးရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဇ်ဘဇားမြို့က
နေစပြီး ထွက်ခဲ့တာပါ။ သီရိလင်္ကာနိုင်ငံ အရှေ့ဘက် မိုင် ၁၇၀ လောက်မှာ မျော
ပါနေတာကို ငါးဖမ်းစက်လှေတွေက သီရိလင်္ကာရေတပ်ကို အကြောင်းကြားခဲ့
ပါတယ်။

လမ်းမှာ မြန်မာနိုင်ငံသား ၁၇ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးယောက်
အစာရေစာပြတ်ပြီး သေဆုံးခဲ့တယ်လို့လည်း မသေဘဲကျန်ရစ်သူတွေက ပြန်ပြော
ကြပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၈၄၅၈အထိ တိုးလာနေ  Audio Clip Available

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား