Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
မြန်မာ သံဃာတော်တွေUNHCR ရုံးကို ဆန္ဒပြ

08 March 2008
ကေသွယ်ခိုင် - အစီအစဉ်ကိုရယူရန် (WM) video clip
ကေသွယ်ခိုင် - ကြည့်ရှုရန် (WM) video clip

သောကြာနေ့က ထိုင်းမြန်မာနယ်ခြား မဲဆောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ရှေ့မှာ မြန်မာသံဃာတော်တချို့ ဆန္ဒပြခဲ့ကြပြီး သံဃာတော်တွေရဲ့ လုံခြုံမှုနဲ့ အနာဂတ်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ သံဃာတော်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ငြိမ်းချမ်းစွာ ကြွချီခဲ့တဲ့ သံဃာတော်တွေကို မြန်မာ စစ်အစိုးရ အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ကို ရောက်လာခဲ့တဲ့ သံဃာတော်တွေဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ အခုလို ထိုင်းမြန်မာနယ်ခြားကို ထွက်ပြေးလာတဲ့ သံဃာတော်တွေကို ပိုပြီး အကူအညီပေးဘို့ ကာကွယ်ပေးဘို့ ဆန္ဒပြနေကြပါတယ်။

UNHCR ဟာ နီးစပ်ရာလူတစ်စုအကျိုးကိုပဲ ပြုနေပြီး အများအတွက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးဆိုပြီး ရေးသားထားတဲ့ ပိုစတာတွေကိုလည်း သံဃာတော်တွေက ကိုင်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြသံဃာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးကောဝိဒက အခုအချိန်အထိ သံဃာတော်တွေရဲ့ အနာဂတ်ကို မသိရသေးတဲ့အတွက် ဆန္ဒလာပြရတာဖြစ်တဲ့အကြောင်း ပြောဆိုသွား ပါတယ်။

ကုလသမဂ္ဂ ဒုက္ဒသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အရာရှိတစ်ဦးကတော့ ရုံးအပြင်မှာ ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေကို ရုံးထဲကို ပင့်ဖိတ်ပြီး ဆွေးနွေးခဲ့ပါတယ်။

 

 

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင်  Audio Clip Available

  More From VOA
နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ စစ်အစိုးရ လက်မခံ  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်  Audio Clip Available
ဒုက္ခသည် ကယ်ဆယ်ရေး အားတက်သရောမရှိလို့ စစ်အစိုးရကို သမ္မတဘုရှ် ရှုတ်ချ  Audio Clip Available
ကုလသမဂ္ဂက ဆန်ကောင်းလှူသော်လည်း ဒုက္ခသည်တွေ ဆန်ညံ့တွေရနေ  Audio Clip Available
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်  Audio Clip Available
စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုံ့ပြန်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပြင်းအထန် ဝေဖန်  Audio Clip Available
အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး  Audio Clip Available
ဘိုကလေးမြို့ ကယ်ဆယ်ရေးမှာ ပုဂ္ဂလိကအလှုရှင်တွေ ကူညီလှုပ်ရှား  Audio Clip Available
လေဘေး ကယ်ဆယ်ရေး အခြေအနေ ကုလသမဂ္ဂ အားမလို အားမရဖြစ်ဆဲ  Audio Clip Available