Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ထိုင်းအစိုးရသစ်ရဲ့ မြန်မာပြည်သဘောထား

29 March 2008
လှလှသန်း - အစီအစဉ်ကိုရယူရန် (WM) video clip
လှလှသန်း - ကြည့်ရှုရန် (WM) video clip

ထိုင်းနိုင်ငံမှာ PPP ပါတီခေါ်ပြည်သူ့အင်အားပါတီ ညွှန့်ပေါင်းအစိုးရသစ်ကို ဦးဆောင်တဲ့ ဖေဖေါ်ဝါရီလ ၆ရက်နေ့ကမှ ၀န်ကြီးချုပ်သစ်ဖြစ်လာသူ ဆမတ် ဆွန်ထရာဝပ်ဟာ အစဉ်အလာအရ အိမ်နီးချင်းအာစီယံနိုင်ငံ တချို့ဖြစ်တဲ့ ကမ္ဘောဒီးယား၊ လော၊မြန်မာ၊ စင်္ကာပူနှင့် အင်ဒိုနီးရှား တို့ကို မိတ်ဆက်ခရီးသွားရောက်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံ ခေါင်းဆောင်တွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကြောင်း ဆွေးနွေးခဲ့ပါတယ်။ အနီးဆုံးဖြစ်တဲ့ မြန်မာနိုင်ငံကိုတော့ မတ်လ ၁၄ရက်နေ့က ၁ရက်ကြာ သွားရောက်ခဲ့ပြီးတော့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပြင် ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နဲ့ပါ နေပြည်တော်မှာတော်မှာ တွေ့ဆုံခဲ့ပါတယ်။

ကုန်းနဲ့ရေ နယ်စပ် ကီလိုမီတာ ၂၄၀၀ စပ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးလှပါတယ်။ ထိုင်းစစ်တပ်က သက္ကရာဇ် ၂၀၀၆ခုနှစ်က အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝက်ရဲ့ ထာရက်ထိုင် ပါတီ တဖြစ်လဲ PPPပါတီဦးဆောင်တဲ့ လက်ရှိအစိုးရဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ စီးပွားရေး ဦးစားပေးတဲ့ ပေါ်လစီကိုပဲ အဓိကထား ကျင့်သုံးလိမ့်မယ်လို့ မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ မြန်မာပြည်ပေါ်ထားရှိတဲ့ သဘောထားတွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဒေါ်လှလှသန်းက ထိုင်းနိုင်ငံခြားရေး ၀န်ကြီးသစ် နိုပါဒွန် ပထမနဲ့ လူချင်းတွေ့ဆုံ မေးမြန်းထားပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၈၄၅၈အထိ တိုးလာနေ  Audio Clip Available

  More From VOA
နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ  Audio Clip Available
စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်  Audio Clip Available
နိုင်ငံတကာ ကြက်ခြေနီ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့သင်္ဘောနစ်မြုပ်  Audio Clip Available
ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အနုပညာရှင်များကူညီနေ  Audio Clip Available
မုန်တိုင်းဒုက္ခသည်တွေ အကူအညီစောင့်နေစဉ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်နေ  Audio Clip Available
နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်ဝင်ခွင့်ရရေး တောင်းဆို  Audio Clip Available
မုန်တိုင်းကြောင့် လူတွေသေဆုံးလင့်ကစား ပြည်သူ့ဆန္ဒခံယူပွဲလုပ်  Audio Clip Available
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး နှောင့်နှေးနေတဲ့ကြားက ကျင်းပတဲ့ ဆန္ဒခံယူပွဲ ဘ၀င် မကျသူများပြား  Audio Clip Available
လေဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာအကူအညီကို အာဏာပိုင်များ နှောင့်နှေးအောင်လုပ်ဆဲ  Audio Clip Available
ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား