Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
အမေရိကန်လွှတ်တော် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Idiom အသုံးအနူန်းများ

09 April 2008
အပြည့်အစုံ - အစီအစဉ်ကိုရယူရန် (MP3) audio clip
အပြည့်အစုံ - နားဆင်ရန် (MP3) audio clip

သောတရှင်များရှင်၊ နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော် ရွေးကောက်ပွဲတွေကျင်းပ မှာဆိုတော့ ဒီသတင်းပတ်အတွက်တော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Idiom အသုံးတွေကို တင်ပြဖို့စီစဉ်ထားပါတယ်၊ ပထမဦးဆုံးတင်ပြမယ့်။

Idiom ကတော့ to win by a landslide ဆိုတာပဲဖြစ်ပါတယ်၊ ဒီအသုံးရဲ့စာလုံးပေါင်း ကတော့ to win အနိုင်ရဖို့၊ by a landslide၊ landslide ကတော့ မြေပြိုတာလို့တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်၊ မြေပြိုတဲ့အခါ တောင်စောင်းတလျှောက်မှာ ရှိရှိသမျှ ကျောက်တုံး၊ ကျောက်ခဲတွေ ဒလဟောထိုးကျလာ တဲ့သဘောဖြစ်ပြီး၊ နိုင်ငံရေးနယ်ပယ်မှာလည်း ၀င်ရောက်ယှဉ်ပြိုင်သူဘက်ကို မဲတွေဟာ အပြတ်အသတ် ဒလဟောဆင်းလာတဲ့ သဘောမျိုးဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီအသုံးကတော့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိလိုက်တယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။

ဒီအသုံးနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲတခုမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပုံအကြောင်း ဥပမာကို George Gore က ဖတ်ပြပါလိမ့်မယ်။

“One race that was decided early on election night was the senate race in Maryland Barbara Mikulski was way ahead from the start and ended up with the real landslide over 60 percent.”

ရွေးကောက်ပွဲညက စောစောစီးစီး အဆုံးအဖြတ်ပေးတဲ့ပြိုင်ပွဲကတော့ မေရီလန်းပြည်နယ် ကရွေးကောက်ပွဲပါဘဲ၊ ဘာဘရာမီကော့စကီးဟာ မဲရုံစဖွင့်ကတည်းက ရှေ့ကပြေးနေပြီး မဲရုံလည်းပိတ်လိုက်ရော အပြတ်အသတ်ကို အနိုင်ရရှိသွားခဲ့တယ်၊ ရာခိုင်နှုန်း(၆၀)ကျော်နဲ့ အနိုင်ရသွားတယ်လို့ အဓိပ္ပါယ်ရပါတယ်၊ ဒီ landslide ဆိုတဲ့အသုံးနဲ့ဆန့်ကျင်ဘက် အသုံးနှုန်းကတော့ win by the nose ဆိုတဲ့အသုံးပဲဖြစ်ပါတယ်၊ win အနိုင်ရရှိသည်၊ by နှင့်၊ the nose ကတော့ နှာခေါင်းဆိုတော့ နှာတဖျားနဲ့အနိုင်ရရှိလိုက်တယ်ဆိုတဲ့သဘောပေါ့ရှင်၊ ကျမတို့မြန်မာမှာလည်း ဒီအသုံးရှိတာ သောတရှင်များသိပြီးဖြစ်ပါတယ်။

ဒီအသုံးတော့ မြင်းပွဲကနေ ဆင်းသက်လာတာဖြစ်ပါတယ်၊ မြင်းတကောင်နဲ့တကောင် အကြိတ် အနေအပြေးပြိုင်ရာကနေ ပန်းဝင်ဖို့ စက္ကန်ပိုင်းအနည်းငယ်အလိုမှာ နောက်ဆုံးမြင်းက အားကုန်ဆွဲပြီးပြေးလိုက်တဲ့အခါမှာ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိသွားခြင်းပါဘဲ၊ ဒီအသုံးနဲ့ပတ်သက်လို့ George Gore ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

“Nobody game Ms. Green are chance to win she was new to politic and (-----) had plenty of money for his campaign but she work very hard to get voter support and surprise at all when she win by the nose.”

မစ္စဂရင်းကို အနိုင်ရခဲ့လိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားကြဘူးလေ၊ သူဟာ နိုင်ငံရေး လောကမှာ မျက်နှာသစ်ဖြစ်ပြီး သူ့ရဲ့ယှဉ်ပြိုင်ဘက်ကလည်း မဲလှုပ်ရှားမှုမှာ သုံးဖို့ငွေ အင်အားကောင်းတယ်၊ မဲဆန္ဒရှင်တို့ထံကထောက်ခံမှုရဖို့ မနားမနေကြိုးပမ်းခဲ့တယ်၊ ဒါကြောင့် သူနှာတဖျားနဲ့ကပ်ပြီင်္းအနိုင်ရရှိလိုက်တော့ ကျနော်တို့အားလုံးအံ့အားသင့်သွား ရတယ်ဗျာလို့ အဓိပ္ပါယ်ရပါတယ်။

စောစောပိုင်းကတင်ပြခဲ့တဲ့ မဲအပြတ်အသတ်အနိုင်ရရှိမှုနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းကို ပြန်ပြီးလေ့လာမယ်ဆိုရင်တော့ သတင်းစာလောကမှာ အသုံးများတဲ့ စကားရပ်ကတော့ clean sweep ဆိုတဲ့ အီဒီယံအသုံးပဲဖြစ်ပါတယ်၊ စာလုံးပေါင်းကတော့ clean သန့်သန့်၊ sweep တိုက်ရိုက်အဓိပ္ပါယ်ကတော့ အောက်ခြေသိမ်းကအစ ပြောင်နေအောင် လှဲကျင်းပစ်လိုက်တဲ့ သဘောဆောင်ပါတယ်။

တံမျက်စည်းကြီးနဲ့ပြောနေအောင်လှံကျင်းပစ်လိုက်သလို မြို့တမြို့၊ ဒါမှမဟုတ် ပြည်နယ်တနယ်မှာ ပါတီတခုက သိမ်းကျုံးပြီးအနိုင်ရလိုက်တာကို ဒီ အီဒီယံကို သုံးနှုံးလို့ရပါတယ်၊ မကြာမီက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ မဲများကျုံးပြီးအနိုင်ရရှိလိုက်တဲ့ ပြည်နယ်တခုရဲ့ နိုင်ငံရေးပါတီဥက္ကဌ တဦးပြောကြားချက်ကို နားဆင်ကြည့်ကြရအောင်။

“I glad to say our party wins every major election in our state. Governor, US senator and congress man and big majority in the state legislature. It was the first clean sweep for us in the last 40years.”

ကျနော်တို့ပါတီက ပြည်နယ်ရဲ့ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့လိုက်တဲ့အတွက် ကျနော့်အနေနဲ့ ၀မ်းသာမဆုံးဖြစ်မိတယ်လို့ပြောရမှာပါ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်၊ ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အားလုံးအပြင် ပြည်နယ်ရဲ့ ပြည်နယ်ဥပဒေပြုအဖွဲ့နေရာမှာလည်း အများစုကို ရရှိလိုက်တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ထဲမှာ ကျနော်တို့အတွက် ပထမဆုံးအောက်ခြေ ကနေသိမ်းကျုံးပြီး အနိုင်ရရှိလိုက်ခြင်းဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်၊ သောတရှင်များကို ဒီတပတ်အတွက် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေကတော့ to win by a landslide ၊ win by the nose ၊ clean sweep တို့ဖြစ်ကြပါတယ်။

နောက်သီတင်းပတ်အခုလိုလိုအချိန်မျိုးမှာ နောက်ထပ် အခုလို အီဒီယံအသုံးတွေကို တင်ပြပေးဖို့ စောင့်မျှော်နားဆင်ကြပါရှင်။ ။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Related Stories
VOA Special English
 
  Top Story
အာရှ စတော့ရှယ်ယာ ဈေးကွက် ထပ်ပြီး ကျဆင်းနေ  Audio Clip Available

  More From VOA
ဖင်လန် သမ္မတဟောင်း မာတီအက်ရှ်တီ ဆာရီ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ  Audio Clip Available
မယ်လမင်းပါသည့် နို့မုန့်များ မြန်မာနိုင်ငံကို တင်သွင်းခွင့် ပိတ်ပင်  Audio Clip Available
ကုလသမဂ္ဂ စောင့်ရှောက်ခံ ဒုက္ခသည် သုံးပုံတပုံ အခြေခံလိုအပ်ချက် မပြည့်  Audio Clip Available
အမေရိကန် အစုရှယ်ယာဈေး အဖတ်မဆယ်နိုင်သေး  Audio Clip Available
ဒေါ်စု နေအိမ်အကျယ်ချုပ်အတွက် အယူခံလွှာ တင်လိုက်ပြီ  Audio Clip Available
မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာစံတွေနဲ့ အလှမ်းဝေးနေဆဲ  Audio Clip Available
မလေးရှားဝန်ကြီးချုပ် ဘာဒါဝီ နုတ်ထွက်မည်  Audio Clip Available
ဒီမိုကရေစီလမ်းပြမြေပုံအတွက် လူ့အခွင့်အရေးလိုအပ်ချက် ကင်တားနား ထောက်ပြ  Audio Clip Available
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အတိုက်အခံ အင်အားစု အပေါ် စစ်အစိုးရ ဖိနှိပ်မှု ပိုဆိုးလာ  Audio Clip Available
ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်းလျော့ချဖို့ ၀ိုင်းဝန်း ညှိုနှိုင်း  Audio Clip Available
အာဆီယံပဋိညာဉ် လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား လွှတ်တော် သဘောတူ  Audio Clip Available