Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 
ဇူလိုင်လနောက်ပိုင်း အီရတ်ကတပ်တွေ ရုပ်သိမ်းရေး အကန့်အသတ်မရှိ သမ္မတဘုရှ် ဆိုင်းငံ့

11 April 2008
သတင်း - အစီအစဉ်ကိုရယူရန် (MP3) audio clip
သတင်း - နားဆင်ရန် (MP3) audio clip

President Bush makes a statement on Iraq, Thursday, April 10, 2008, in the Cross Hall of the White House in Washington.AP
အမေရိကန်သမ္မတ
ဂျော့ခ်ျဒဗလျူဘုရှ်။
ဧပြီ ၁၀၊ ၂၀၀၈
(ဓာတ်ပုံ-အေပီ)
အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် (George
W.Bush) က သူ့ရဲ့ အီရတ်စစ်ပွဲဆိုင်ရာ မူဝါဒကို
ခုခံကာကွယ်တဲ့ အဓိကမိန့်ခွန်းတရပ်ကို ပြောကြား
လိုက်ပါတယ်။ ပြောကြားရာမှာ ဇူလိုင်လ
နောက်ပိုင်း အမေရိကန်တပ်တွေ အီရတ်က
ရုပ်သိမ်းရေးကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့
ထားဖို့ သူအမိန့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့က သမ္မတဘုရှ်က အိမ်ဖြူတော်
မှာ ပြောကြားရာမှာ အီရတ်မှာရှိတဲ့ ထိပ်တန်း အမေရိကန်တပ်မှူးကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီယော့စ် (David Petraeus) ရဲ့ အကြံပြု
ချက်ကို သူထောက်ခံပါတယ်လို့ ပြောကြားပါတယ်။

ဗိုလ်ချုပ်ကြီး ပက်ထရီယော့စ်ဟာ တပ်တွေကို
ပြန်စုစည်းဖို့နဲ့ အဲဒီလိုလျှော့ချပြီးတဲ့နောက်ပိုင်း အမေရိကန်တပ်တွေရဲ့ အနေအထား
ဟာ မြေပြင်တိုက်ပွဲမှာ ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို သူအချိန်လိုတယ်လို့ ပြောကြားထားပါတယ်။

“ကျနော်ကတော့ သူ့ကိုပြောပြီးပါပြီ။ အချိန်လိုသလောက်ရမယ်” လို့ သမ္မတဘုရှ်က ပြောကြားခြင်းဖြစ်ပါတယ်။ အဲဒီသဘောကတော့ နိုဝင်ဘာလမှာ သမ္မတသစ် ရွေးကောက်တင်မြှောက်ပွဲ ကျင်းပပြီးတဲ့နောက်ပိုင်း အီရတ်မှာ အမေရိကန် မြေပြင်
တပ်အင်အား တသိန်းလေးသောင်းရှိဦးမယ့် အလားအလာဖြစ်ပါတယ်။

သမ္မတဘုရှ်က လွန်ခဲ့တဲ့ ၁၅ လက အီရတ်နိုင်ငံမှာ အမေရိကန်တပ်တွေ တိုးလိုက်ခြင်း
ဟာ အီရတ်လုံခြုံရေး အလားအလာအတွက် ကောင်းမြတ်ပါတယ်လို့လည်း ပြောကြား
လိုက်ပါတယ်။

emailme.gif ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
printerfriendly.gif ပုံနှိပ်ရန်လွယ်ကူသည့်စာသား

  Top Story
ညီညီအောင်ကို လွှတ်ပေးတာ အမေရိကန် ကြိုဆို  Audio Clip Available

  More From VOA
သမ္မတ အိုဘားမား အင်ဒိုနီးရှား ခရီးစဉ် ရွှေ့ဆိုင်း  Audio Clip Available
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ  Audio Clip Available
ကိုညီညီအောင် မမျှော်လင့်ဘဲ လွတ်မြောက်လာ  Audio Clip Available
ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်  Audio Clip Available
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း  Audio Clip Available
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း  Audio Clip Available
NLD မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား  Audio Clip Available
ထိုင်းဝန်ကြီးချုပ်နေအိမ် ရှပ်နီ ဆန္ဒပြသူများ သွေးအိတ်တွေနဲ့ ပစ်ပေါက်  Audio Clip Available
မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း  Audio Clip Available