VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
ထိုင်းဆန္ဒပြသူများ လေဆိပ်ကြီးနှစ်ခုကို အင်အားဖြည့်တင်း

01 December 2008

Anti-government protesters cheer during a rally at Suvarnabhumi international airport, 01 Dec 2008
သုဝဏ္ဏဘူမိလေဆိပ်ကို သိမ်းပိုက်ထားသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများ။
ဒီဇင်ဘာ ၁၊ ၂၀၀၈။
ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝပ်
(Somchai Wongsawat) ရုံးဝင်းကို သိမ်းပိုက်
ထားကြတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ
စတင်ရုပ်သိမ်းပြီး အဓိကလေဆိပ်ကြီးနှစ်ခု
ပိတ်ဆို့ရေးကို သွားရောက်အားဖြည့်တင်းကြမယ်
လို့ ဆိုပါတယ်။

ပီအေဒီ ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့
တာဝန်ခံများက သြဂုတ်လကတည်းက သူတို့
သိမ်းပိုက်ထားတဲ့ ဆန္ဒပြသမားများအား
ထပ်တလဲလဲ တိုက်ခိုက်နေကြလို့ အန္တရာယ်ကြီးမားလွန်းလှတယ်လို့ ဒီနေ့ ရှင်းလင်း
ပြောဆိုကြပါတယ်။

မနေ့က လက်ပစ်ဗုံးများနဲ့ အတိုက်ခံရလို့ လူ ၄၉ ယောက်ထက်မနည်း အဲဒီထဲမှာ
ဒဏ်ရာရရှိခဲ့ကြပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားတဲ့ ဒွန်မောင်း
လေဆိပ်ထဲမှာလည်း ပေါက်ကွဲမှုများ ရှိခဲ့ပါတယ်။ အစိုးရကိုဆန့်ကျင်တဲ့ တီဗွီရုံးလည်း
အတိုက်ခံရပါတယ်။

အစိုးရကို လိုလားသူများ ထောင်နဲ့ချီကာ ဘန်ကောက်မှာ စုဝေးကြပြီး ၀န်ကြီးချုပ်
ဆွန်ချိုင်း ပြုတ်ကျရေး တောင်းဆိုနေသူများကို ရှုတ်ချလိုက်ပါတယ်။ ကမ္ဘာလှည့်
ခရီးသည် ၁၀၀,၀၀၀ ကျော်လောက် သောင်တင်နေကြလို့ မကျေမနပ် ဖြစ်နေတဲ့
အချိန်မှာ အစိုးရထောက်ခံသူများက အဲဒီလို တန်ပြန်စုဝေး ဆန္ဒပြကြတာပါ။

သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်နဲ့ ဒွန်မောင်းလေဆိပ်တို့ကို သိမ်းပိုက်ထားကြသူများ
က ရပ်ထားရတဲ့ လေယာဉ် ၈၈ စင်းထဲက အစင်း ၃၀ ကို တနင်္ဂနွေနေ့က ပျံသန်းခွင့်ပြု
လိုက်ပါတယ်။

Listen to This Report သတင်း
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report သတင်း
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ

  More From VOA
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available