VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 

ယနေ့ ဗွီအိုအေ »:

ဘာသာစကား ၄၅ မျိုး
ထိုင်းဝန်ကြီးချုပ်နုတ်ထွက်၊ ဆန္ဒပြမှု အဆုံးသတ်

02 December 2008

ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) က သူ့ကို နိုင်ငံရေး
၅ နှစ်မလုပ်ရ၊ သူ့ရဲ့ နိုင်ငံရေးပါတီလည်း ဖျက်သိမ်းရမယ်လို့ ထိုင်းနိုင်ငံတော် ဖွဲ့စည်းပုံ
ရေးရာ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံကြောင်း ဘန်ကောက် အဓိကလေဆိပ်များကို
သိမ်းပိုက်ကတည်းက ချင်းမိုင်မြို့မှာ ရုံးထိုင်နေရာက သတင်းထောက်များကို ပြောကြား
ပါတယ်။

ဆွန်ချိုင်း ဝေါင်ဆာဝတ်ရဲ့ ညွန့်ပေါင်းအစိုးရထဲက အဓိကနိုင်ငံရေးပါတီကြီး ၃ ခု
မဲမသမာမှုများ ရှိခဲ့ကြောင်း တွေ့ရှိရလို့ ဖျက်သိမ်းရမယ်လို့ ဖွဲ့စည်းပုံရေးရာရုံးက ဒီနေ့
စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။

မစ္စတာဆွန်ချိုင်း အပါအ၀င် ပြည်သူ့အာဏာပါတီ၊ ချတ်ထိုင်းပါတီနဲ့ မတ်ချီမာ သီပါ
တရာပါတီ ခေါင်းဆောင်များ နိုင်ငံရေး ၅ နှစ်မလုပ်ရလို့ ရုံးတော်က ပိတ်ပင်လိုက်ပါ
တယ်။

တရားရုံးစီရင်ချက် ထွက်လာလာခြင်းမှာပဲ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ညွန့်ပေါင်းအစိုးရ
ထဲပါဝင်တဲ့  ၆ ပါတီစလုံးက ပါတီသစ်များနဲ့ ၀န်ကြီးချုပ်လောင်းတယောက် ရွေးချယ်
ရေးအတွက် လုပ်ဆောင်နေပြီလို့ ပြောဆိုပါတယ်။

ပီအေဒီ ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်များက ဘန်ကောက် ၀န်ကြီး
ချုပ်ရုံးဝင်း သိမ်းပိုက်ထားမှု အဆုံးသတ်လိုက်ပြီ၊ လေဆိပ်သိမ်းပိုက်ထားတာကိုလည်း
ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီမှာ အဆုံးသတ်မယ်လို့ ကြေညာပါတယ်။ လေဆိပ်တာဝန်ခံ
များကတော့ ခရီးသည်တင်လေယာဉ်ပျံသန်းမှု ဒီဇင်ဘာလ ၁၅ ရက်ထက်စောပြီး
ပြန်မစနိုင်သေးဘူးလို့ ပြောဆိုကြပါတယ်။

အခုလထဲ ချင်းမိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ရွှေ့ဆိုင်းလိုက်ရ
ပြီး မတ်လကြမှ ကျင်းပတော့မယ်လို့ ဆိုပါတယ်။

E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ

  More From VOA
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available