VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အီရတ် ပြည်နယ်ရွေးကောက်ပွဲ အေးအေးချမ်းချမ်းပြီးဆုံး

01 February 2009

Election officials count ballots after the polls closed in the country's provincial elections in central Baghdad, Iraq
ရွေးကောက်ပွဲအပြီး မဲများရေတွက် နေသည့် ရွေးကောက်ပွဲအရာရှိများ (ဇန်န၀ါရီ ၃၁၊ ၂၀၀၉)
စနေနေ့က အီရတ်နိုင်ငံရဲ့ ပြည်နယ် ရွေးကောက်ပွဲတွေမှာ သန်းနဲ့ချီတဲ့ အီရတ်တွေ လာရောက် မဲပေးခဲ့ကြတာဟာ အီရတ်နိုင်ငံ တည်ငြိမ်အေးချမ်းတဲ့သဘောကို ပြနေတယ်လို့ အီရတ်ခေါင်းဆောင်တွေကရော အမေရိကန် ခေါင်းဆောင်တွေကပါ ချီးကျူးခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ အီရတ်နိုင်ငံသားတွေကိုယ်တိုင် သူတို့ရဲ့ အနာဂတ်အတွက် သူတို့ ဆက်ပြီး တာဝန် ယူနိုင်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ပြောပါတယ်။

မဲပေးသူတွေရဲ့ လက်ညိုးတွေမှာ ခရမ်းရောင်မင် စွဲထင်နေတာကို ရည်ရွယ်ပြီး အီရတ်
ဝန်ကြီးချုပ် နိုရီအယ်လ် မလိခီ က ခရမ်းရောင်လက်တွေနဲ့ အီရတ်နိုင်ငံကြီးကို ပြန်ပြီးတည်ဆောက်ကြမယ်လို့ ပြောခဲ့ပါတယ်။ ဒီ စနေနေ့ ရွေးကောက်ပွဲတွေဟာ အီရတ်နိုင်ငံ တည်ငြိမ်မှု ရှိမရှိ စမ်းသပ်တဲ့ပွဲတွေလည်း ဖြစ်ပါတယ်။ ပြည်နယ် ၁၈ ခုအတွက် ကိုယ်စားလှယ် ၁၄ ဦး ရွေးကောက်ဖို့ မဲပေးတဲ့ဒီပွဲအတွက် လုံခြုံရေးတွေလည်း တင်းတင်းကြပ်ကြပ် ချထားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ကတည်းကစပြီး အီရတ်နိုင်ငံမှာ အမတ်နေရာ ၄၄၀ အတွက် ရွေးကောက်ပွဲ ကျင်းပပြီး သူတို့ကို ကိုယ်စားလှယ် ၁၄,၀၀၀ ကျော်ထဲကနေ ရွေးချယ်ခဲ့ကြတာပါ။ ရွေးကောက်ပွဲရလဒ် အကြမ်းဖျင်းကို ရက်ပိုင်းအတွင်း သိရမှာဖြစ်ပြီး နောက်ဆုံးရလဒ်ကိုတော့ သတင်းပတ် အတော်ကြာမှ ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ အကြမ်းဖက်မှု ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပေမယ့် တချို့ မဲဆန္ဒရှင်တွေက မဲပေးရမယ့်စာရင်းထဲမှာ သူတို့နံမည် မပါဘူးလို့ ပြောခဲ့ကြပါတယ်။


Listen to This Report သတင်း
အစီအစဉ်ကိုရယူရန်  (MP3)
Listen to This Report သတင်း
နားဆင်ရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ညီညီအောင် ၀ါရှင်တန် ပြန်လည်ရောက်ရှိ  Audio Clip Available

  More From VOA
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည်  Audio Clip Available
ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ  Audio Clip Available
ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြသူတွေ နယူးဒေလီမှာ ဖမ်းဆီးခံရ  Audio Clip Available
ညီညီအောင်ကို လွှတ်ပေးတာ အမေရိကန် ကြိုဆို  Audio Clip Available
သမ္မတ အိုဘားမား အင်ဒိုနီးရှား ခရီးစဉ် ရွှေ့ဆိုင်း  Audio Clip Available
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ  Audio Clip Available
ကိုညီညီအောင် မမျှော်လင့်ဘဲ လွတ်မြောက်လာ  Audio Clip Available
ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်  Audio Clip Available
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း  Audio Clip Available
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း  Audio Clip Available