အမေရိကန် သမ္မတ အိုဘားမား အဆိုပြုထားတဲ့ စီးပွားရေး ပြန်လည်နိုးထစေမယ့်
အစီအစဉ်ကို အထက်လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါပြီ။ အထက်လွှတ်တော်အတွင်း အခြေအတင်ဆွေးနွေးမှုတွေ
ရှိခဲ့ပြီး အိုဘားမားကိုယ်တိုင် စီးပွားရေး အထိခိုက်ဆုံး ကြုံရတဲ့ ပြည်နယ်တချို့ကို
စည်းရုံးတာတွေ လုပ်ခဲ့ပြီးနောက်မှာ အခုလို အထက်လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
အပြည့်အစုံကို ကိုသိန်းထိုက်ဦးနဲ့ ဦးတင်မောင်သန်းတို့ ဆွေးနွေးတင်ပြထားပါတယ်။