VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
Lion နဲ့ Tiger ဆက်နွယ် အီဒီယံအသုံးအနှုန်းများ

14 April 2009

ဒီတပတ် တင်ပြထားတဲ့ အမေရိကန် အီဒီယံ အသုံးအနှုန်းများမှာ lion's share နဲ့ have a tiger by the tail တို့ ဖြစ်ပါတယ်။

ပုံပြင်တွေထဲမှာ တင်စား ပြောဆိုထားတဲ့ တောရိုင်းတို့ရဲ့  ဘုရင်အရှင်သခင် ကေသရာဇာခြင်္သေ့ (lion) ကို အခြေခံတဲ့ lion's share - ခြင်္သေ့ရဲ့  ဝေပုံစု လို့ တိုက်ရိုက် ပြန်ဆိုနိုင်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

သမိုင်းကြောင်း နောက်ခံကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ငါးရာ လောက်က ရှေးဟောင်း ဂရိပုံပြင် ပြောပြသူ တဦးက စခဲ့တယ်လို့ ယူဆကြပါတယ်။ ခြင်္သေ့အနေနဲ့ အစားရှာဖွေဖို့ တခြား တောရိုင်း တိရစ္ဆာန် အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။ တချိန်မှာ သမင်တကောင်ကို သတ်ဖြတ် ပစ်နိုင်ပြီးနောက် ခြင်္သေ့ က သူ့ ဝေစုကို တောင်းတဲ့အခါ သမင် တကောင်လုံးကို လိုချင်နေပါတယ်။ ဟိတ်ဟန်ရှိတဲ့ ခြင်္သေ့က ဟိန်းဟောက်ပြီး ခြိမ်းခြောက် တောင်းဆိုတာကို တခြား တိရစ္ဆာန်တွေက ကန့်ကွက် ပြောဆိုခြင်း မရှိတာကြောင့် လောဘ ရမက်ကြီးတဲ့ ခြင်္သေ့က သမင် တကောင်လုံးကို ရသွားခဲ့ပါတယ်။ ဒီပုံပြင်ကို အခြေခံပြီး lion's share အသုံးက ဝေစုခွဲရာမှာ မတရား ရတာ မှန်ပေမယ့် ကိုယ့်အဖို့ အများဆုံး ကျန်အောင် ဝေပုံကျကို ခွဲယူခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

"The angry old man changed his will. And, his family was shocked to discover he had left the lion's share of all his money to a distant cousin most of them have never heard of."

"စိတ်ကြီး ဒေါသကြီးတဲ့ အဖိုးကြီးက သူ့ အမွေစာချုပ်ကို ပြောင်းလဲပစ်ခဲ့တယ်။ ဒါကို ကျန်ရစ်သူ မိသားစုက သူတို့ တခါမှ မကြားဘူး၊ မသိတဲ့ ဆွေမျိုး နီးစပ်သူတဦးကို ဝေပုံကျ အများစု ပေးခဲ့တယ်လို့ သိတဲ့အခါ အားလုံး တအံ့တသြဖြစ်ခဲ့ကြတယ်။"

ဒုတိယ စကားအသုံးအနှုန်းက ကျားတိရစ္ဆာန် နဲ့ ဆက်နွယ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ Have a tiger by the tail ဆိုတဲ့ ကျားတကောင်ကို အမြီးကနေကိုင်ပါလို့ အဓိပ္ပါယ်ရှိတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

အီဒီယံ သဘောအရတော့ ကျားမြီးဆွဲတဲ့အခါ သိပ်ပြီး အားကောင်းဖို့ လိုသလို၊ သိပ်ပြီးတော့လည်း ကြောက်ဖို့လည်း ကောင်းပါတယ်။ မြန်မာ အသုံးအနှုန်း မှာလည်း ကျားမြီး ဆွဲရသလိုပဲ ဆိုတဲ့စကား ရှိပါတယ်။ ဒီစကား သဘောကတော့ မနိုင်တဲ့ ဇာတ်ကို က ရတဲ့သဘော၊ ကိုယ် မကျွမ်းကျင် အန္တရာယ်ရှိတဲ့ အလုပ်တခုခုနဲ့ သွားပတ်သက်မိရင် ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ သဘော ဖြစ်ပါတယ်။

"Once you start using heroin, you have a tiger by the tail. If you get hooked, you'll need more. It'll cause you more money, and you might have to steal to support the habit."

"ဘိန်းဖြူကို စပြီး သုံးစွဲမိရင် ခင်ဗျား အနေနဲ့ ကျားမြီး ဆွဲမိတော့တာပဲ။ ဆေးစွဲသွားရင် ဆေးသုံးချင်စိတ် ပိုဖြစ်လာကာ ပိုပြီး ငွေကြေး ကုန်ကျများ လာမယ်။ ပြီးတော့ ဆေးသုံးမဲ့ အကျင့်ကို မဖျောက်နိုင်လို့ ခိုးရတဲ့ အကျင့် ဖြစ်လာလိမ့်မယ်။"


Download ဒေါ်လှလှသန်း
နားဆင်ရန်  (MP3)
Listen to This Report ဒေါ်လှလှသန်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကိုညီညီအောင် မမျှော်လင့်ဘဲ လွတ်မြောက်လာ  Audio Clip Available

  More From VOA
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ  Audio Clip Available
ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်  Audio Clip Available
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း  Audio Clip Available
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း  Audio Clip Available
NLD မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား  Audio Clip Available
ထိုင်းဝန်ကြီးချုပ်နေအိမ် ရှပ်နီ ဆန္ဒပြသူများ သွေးအိတ်တွေနဲ့ ပစ်ပေါက်  Audio Clip Available
မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း  Audio Clip Available
မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်  Audio Clip Available
နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ၀င်ပြိုင်ချင်သူတွေ အတွက်လည်း မပြည့်စုံသေး  Audio Clip Available