VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အတိုက်အခံအားလုံး အကျုံးဝင်တဲ့ ငြိမ်းချမ်းရေး ကေအန်ယူ မျှော်လင့်

13 April 2009

ကေအန်ယူ - ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ မြန်မာစစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွေပြန်ပြီး လုပ်ဖြစ်မယ်ဆိုရင် နယ်စပ်မှာရှိနေတဲ့ အတိုက်အခံတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေပါ အကျုံးဝင်ပြီး ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးရရှိဘို့ ဦးတည်ရည်မှန်းထားတယ်လို့ ကေအန်ယူ အစည်းအရုံးရဲ့  အထွေထွေအတွင်းရေးမှုး နော်စီဖိုးရာစိန် က ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ် (Kasit Piromya) က ကေအန်ယူ ခေါင်းဆောင်တွေကို ဘန်ကောက်မြို့ တော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး ကေအန်ယူအဖွဲ့က အခုလို ပြောကြားခဲ့တာပါ။ အခုတခေါက် တွေ့ဆုံပွဲတွေကို ပြည်တွင်းမှာထက် ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ကေအန်ယူ က ပြောဆိုပါတယ်။ အသေးစိတ်ကို ဦးသန်းလွင်ထွန်း က တင်ပြပေးထားပါတယ်။


Download ဦးသန်လွင်ထွန်း
နားဆင်ရန်  (WM)
Watch This Report ဦးသန်လွင်ထွန်း
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available

  More From VOA
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available