VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်တွေ ကုလကို တိုက်တွန်း

20 April 2009

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ဆက်လျှက် ထိမ်းသိမ်းခံနေရတာကို အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့အတူ စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ်တွေက ကုလသမဂ္ဂ အတွင်းရေမှုးချုပ်ဆီ ရေးသားပေးပို့တဲ့စာကို လက်ခံရရှိခဲ့တဲ့အကြောင်း ဧပြီလ ၁၅ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့  လက်ထောက်ပြောဆိုခွင့်ရှိသူ ဖာရန် ဟတ်ခ် () က ပြောဆိုသွားခဲ့ပါတယ်။

ဧပြီလ ၉ ရက်နေ့ နေ့စွဲနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဆီ ရေးသားပေးပို့ခဲ့တဲ့ စာကို ကယ်လီဖိုးနီးယားပြည်နယ် (California) အထက်လွှတ်တော်အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein)၊ မယ်ရီလန်ပြည်နယ် (Maryland) အထက်လွှတ်တော်အမတ် ဘာဘရာ မီကူလ်စကီး (Barbara A Mikulski) နဲ့ အာကန်ဆော့ပြည်နယ် (Arkansas) အထက်လွှတ်တော်အမတ် ဘလန်ချီ လင်ကွန်း (Blanche Lincoln) တို့ ပါဝင်ကြပါတယ်။

မြန်မာစစ်အစိုးရက ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ၂၀၀၁ ရွေးကောက်ပွဲ အစီအစဉ်ကို ဖျက်သိမ်းဖို့အတွက် မြန်မာစစ်အစိုးရကို ဖိအားပေးဖို့လည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို အမေရိကန် အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။


Download သတင်းမှတ်တမ်း
နားဆင်ရန်  (WM)
Watch This Report သတင်းမှတ်တမ်း
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available