ထိုင်းနိုင်ငံမှာ အင်္ကျီအနီရောင်ဝတ် ဆန္ဒပြခဲ့ကြတဲ့ ထောင်သောင်းချီတဲ့
အစိုးရဆန့်ကျင်သူတွေရဲ့  ဆန္ဒပြပွဲတွေ ပြီးဆုံးသွားခဲ့ပါပြီ။
ဆန္ဒပြပွဲတွေကို စစ်တပ်က နှိမ်နှင်းပြီးတဲ့အချိန် လမ်းမတွေပေါ်မှာ အကြမ်းဖက်
တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် နှစ်သစ်ကူး သင်္ကြန်ပွဲတွေကိုလည်း
ထိုင်းနိုင်ငံသားတွေက ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံသားတွေကတော့
နှစ်သစ်ကူးပွဲတော်တွေ ပြီးသွားတဲ့အခါ နိုင်ငံရေးတင်းမာမှုတွေ
လျော့ပါးသွားမယ်လို့ မျှော်လင့်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက်
ဒန်နီရယ် ရှရတ်ဖ် (Daniel Schearf) သတင်းပေးပို့ထားတာကို မစုမြတ်မွန်
(မြန်မာပိုင်း) က တင်ပြထားပါတယ်။