VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဖွဲ့စည်းပုံ ပြင်ပေးရင် ရွေးကောက်ပွဲကို အန်အယ်ဒီ စဉ်စားမည်

04 May 2009

မြန်မာစစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်တွေကို ပြုပြင်ပေးမယ်ဆိုရင် ၂၀၁၀ ခုနှစ်အတွင်းမှာ စစ်အစိုးရ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စဉ်းစားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) က ပြောဆိုထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ အန်အယ်ဒီ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်ပေးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေကို ပြင်ဆင်ပေးရမယ်။ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး အားလုံး ညီတူ ပါဝင်ခွင့် ပေးရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း လေ့လာစောင့်ကြည့်ခွင့် ခွင့်ပြုပေးရမယ် ဆိုရင် ရွေးကောက်ပွဲ ပါဝင်ဖို့ စဉ်းစားမယ်လို့ အန်အယ်ဒီ က ကြေညာပြောဆိုခဲ့ပါတယ်။

ဒီအချက်တွေအပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ပြီးတဲ့အခါမှ ဒီ ဥပဒေတွေအပေါ်မှာ အကဲဖြတ်နိုင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်သင့်မသင့် စဉ်းစားဆုံးဖြတ်မယ်လို့လည်း အန်အယ်ဒီ က ပြောဆိုပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ နှစ် ရက်ကြာ ကိုယ်စားလှယ်စုံညီ အစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ ဒီ ကြေညာချက်ကို ရွှေဂုံတိုင် ကြေညာချက်ကို အန်အယ်ဒီ က နာမည်ပေးထားပါတယ်။

ဧပြီလ ၂၈ ရက်ကနေ့ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးကို အာဏာပိုင်တွေဖက်က အနီးကပ် စောင့်ကြည့်တာတွေရှိပေမယ့် နှောင့်ယှက်ပိတ်ပင်မှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ အန်အယ်ဒီ အဖွဲ့ဝင်တွေက ပြောပါတယ်။


Download သတင်းအစီအစဉ်
နားဆင်ရန်  (WM)
Watch This Report သတင်းအစီအစဉ်
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available

  More From VOA
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available
တရုတ် ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၉၂ ဦး သေဆုံး  Audio Clip Available
အင်ဒိုနီးရှား ကူးတို့သင်္ဘော တိမ်းမှောက် ၂၅ ဦး သေဆုံး  Audio Clip Available