VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဒေါ်စုခြံထဲ ကျူးကျော်မှု လုံခြုံရေးအတွက် အန်အယ်ဒီ စိုးရိမ်

11 May 2009

 နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ဝင်းအတွင်းကို နိုင်ငံခြားသားတဦး တိတ်တဆိတ် ရေကူးဝင်သွားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။

အမေရိကန်နိုင်ငံသား တဦးဖြစ်တဲ့ ဂျွန်ဝီလီယန် ရတ်တော (John William Yeattaw) ကို မေလ ၆ ရက်နေ့ နံနက် စောစော အချိန်မှာ အင်လျားကန်ထဲမှာ ရေကူးနေတာကို အာဏာပိုင်များက တွေ့ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ထဲမှာ လျို့ ဝှက် တိတ်တဆိတ် နှစ်ရက်ခန့် နေထိုင်ခဲ့တယ်လို့ မြန်မာစစ်အစိုးရ သတင်းစာက ဖော်ပြထားပါတယ်။

ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားရဲ့  လုပ်ဆောင်ချက်နဲ့ ရည်ရွယ်ချက်တွေကို တာဝန်ရှိသူတွေက ဆက်လက် စစ်ဆေး နေတယ်လို့လည်း မြန်မာစစ်အစိုးရက ပြောဆိုပါတယ်။

လုံခြုံရေးအစောင့်အကြပ်တွေ စောင့်ကြပ်နေပြီး အာဏာပိုင်တွေ ခွင့်မပြုရင် သွားရောက်ခွင့်မရှိတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက်ရဲ့  နေအိမ်ကို အခုလို ဝင်ရောက်တဲ့အထိ ဖြစ်ရတာမို့ ဒီအဖြစ်အပျက်အပေါ် စိုးရိမ်တဲ့အကြောင်း အန်အယ်ဒီ က ပြောဆိုပါတယ်။


Download အစီအစဉ်
နားဆင်ရန်  (WM)
Watch This Report အစီအစဉ်
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available