VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ရှေ့နေတွေချေပ

18 May 2009

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဥပဒေ ချိုးဖောက်တယ်ဆိုပြီး မြန်မာစစ်အစိုးရက မေလ ၁၄ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးကနေ တရားစွဲဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ကို အမေရိကန်နိုင်ငံသား ဂျွန်ဝီလံယမ် ယက်ထော (John William Yattaw) ဆိုသူ တိတ်တဆိတ် ဝင်ရောက်ခဲ့တာကြောင့် အပြင်လူနဲ့ မဆက်သွယ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ချိုးဖောက်တယ်လို့ စွတ်စွဲပြီး ပုဒ်မ (၂၂) နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ကနေ  အင်းစိန်ထောင်ထဲမှာ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပထမဆုံး အင်းစိန်အကျဉ်းထောင်မှာ ရုံးတင် တရားစွဲဆိုတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့ နေတွေဖြစ်တဲ့ ဦးကြည်ဝင်း နဲ့ ဦးလှမျိုးမြင့် တို့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ သက်တမ်းကုန် ဆုံးခါနီးမှာ ဒီလိုတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို တရားစွဲဆိုတာကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ကြေညာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ အမုန်းတရားကို ရှေ့ တန်းမတင်သင့်ဘဲ တိုင်းပြည်ရဲ့  အကျိုးကို ရှေ့ ရှုသင့်တယ်လို့လည်း သတိပေးထားပါတယ်။


Download သတင်း
နားဆင်ရန်  (WM)
Watch This Report သတင်း
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available