VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဒေါ်စုကို ဆက်ချုပ်ထားပါက ၂၀၁၀ ရွေးကောက်ပွဲ တရားဝင်မှာမဟုတ်

25 May 2009

မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ချုပ်နှောင်ပြီး လက်ရှိပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် စစ်အစိုးရကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ လုံးဝတရားဝင်မှာ မဟုတ်သလို နိုင်ငံတကာအလယ်မှာ အများလက်ခံတဲ့ ရွေးကောက်ပွဲလည်း ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က ပြောဆိုပါတယ်။
   
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်မယ့် ချဉ်းကပ်မှုမျိုးရှိအောင် အခိုင်အမာ ဆောင်ရွက်နေပါတယ်လို့ မေလ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် ကြားနာပွဲမှာ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအပေါ် ပိုပြီး တိကျပြတ်သားတဲ့ အရေးယူတာမျိုးတွေ မလုပ်သင့်ဘူးလားဆိုတဲ့ အထက် လွှတ်တော် အမတ်တယောက်ရဲ့ အမေးကိုတော့ ဟီလာရီ ကလင်တန် က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဗျူဟာမြောက် သုံးသပ်နေတယ်လို့ ပြောဆိုပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ASEAN အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့သလို ကုလသမဂ္ဂရဲ့ ထောက်ခံမူတွေ ရဖို့လည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ကြိုးစားနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုသွားခဲ့ပါတယ်။


Download သတင်းစုံ
နားဆင်ရန်  (WM)
Watch This Report သတင်းစုံ
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ

  More From VOA
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available