VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှုအပေါ် စစ်အစိုးရ ခုခံ

31 May 2009
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဖိတ်ခေါ်ဘဲနဲ့ ရောက်လာတဲ့ အမေရိကန် ဂျွန်ယက်ထော ကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက် အပြစ်ပေးဖို့က လွဲပြီး တခြားလမ်းမရှိဘူးလို့ မြန်မာ ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က တနင်္ဂနွေ စင်္ကာပူ နိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေး နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှုကို အာဏာပိုင်တွေထံ အကြောင်းမကြားဘဲ အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ ပြောခဲ့တဲ့အပြင်၊ ဒီတရားမ၀င် လာရောက်သူကို ကျွေးမွေးပြီး ခိုလှုံခွင့်ပါပေးခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစုံတရာ ချိုးဖောက်တာ မတွေ့ရဘူးလို့ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မစ္စတာယက်ထော ပထမအကြိမ်လာရောက်စဉ်က အာဏာပိုင်တွေကို ပြောကြားခဲ့ပေမဲ့ အရေးယူမှု တစုံတရာ မရှိတဲ့အပြင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်မှု တားဆီးမှု တစုံတရာ မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေဖြစ်သူတွေနဲ့ မနေ့က အင်းစိန် ထောင်ဝန်းထဲမှာ ၂နာရီကြာ တွေ့ဆုံ ခွင့် ပေးခဲ့တာမို့ ကျန်းကျန်းမာမာနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို တနင်္လာနေ့ကနေ သောကြာနေ့ကို ရွှေ့ဆိုင်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အကြောင်းပြချက်မပေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ကာကွယ်ရေးဝန်ကြီးများအဆင့် အာရှဒေသလုံခြုံရေး အစည်းအဝေးကို တက်ရောက်လာ တဲ့ ဗြိတိန်နိုင်ငံက နိုင်ငံတကာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီး အန်းတေလာက ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးသင့်တဲ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ထောက်ခံ ပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး မြန်မာ စစ်အစိုးရအနေနဲ့ အတိုက်အခံ တွေနဲ့ တွေ့ဆုံဖို့ တိုက်တွန်းခဲ့ပါတယ်။


မှတ်ချက် အကြံပြုချက်များ:

1. ဘာတွေပြင်ဆင်ထားကြမလဲ

အပြစ်ပေးဖို့က လွဲပြီး တခြားလမ်းမရှိဘူးလို့ မြန်မာ ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က ဗြောင်စစ်ကြေညာလိုက်ပြီ။ ဘာဆက်လုပ်ကြမလဲ။ ရွှေဝါရောင်တုန်းကတော့ ဒီလောက်ထိဖြစ်မယ်မထင်လို့ပါဆိုပြီး ဆင်ခြေပေးတဲ့သူက ပေးခဲ့ကြတယ်။ Referndum တုန်းကလည်း နောက်ကနေ ဒရောသောပါးလိုက်ရတယ်။ ကဲ... ... အခု ဒေါ်အောင်ဆန်းစုကြည်ကတော့ ကိုယ်တိုင်ပဲ အသဲအသန် တိုက်ပွဲဝင်နေပြီ။ ပြည်တွင်းက ပြည်သူတွေလည်း အဆင်သင့် ဖြစ်နေပြီလို့ယုံကြည်ပါတယ်။ လွတ်မြောက်နယ်မြေက ပုဂ္ဂိုလ်များ ဘယ်လောက်ထိ စဉ်းစားထားပြီးကြပြီလဲ။ ထုံးစံအတိုင်းပဲ နအဖရဲ့လမ်းကြောင်းအတိုင်း နောက်ကပဲလိုက်နေမှာလား။ အလွန်စိုးရိမ်မိပါတယ်၊ ဒါဟာ မလုပ်သင့်မလုပ်ထိုက်တာကို ဇွတ်လုပ်တာပါ၊ အပြင်အထန်ကန့်ကွက်လိုက်ပါတယ် စတဲ့ ခေါက်ရိုးကြိုးနေတဲ့ စကားလုံးတွေကို မသုံးကြပါနဲ့တော့လို့ မေတ္တာရပ်ခံလိုက်ပါရစေ။
မှတ်ချက်တင်သွင်းသူ: ကိုနေ (Thailand)
06-01-2009 - 02:02:20

Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
နျူကလီးယားစက်ရုံတွေ ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့်  Audio Clip Available

  More From VOA
ပညာသင်စရိတ် တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ  Audio Clip Available
နိုင်ငံတကာပြစ်မှုဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့အရေးဆွေးနွေး  Audio Clip Available
တရုတ်ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၄၀ ကျော် သေ  Audio Clip Available
အီရန် ရွေးကောက်ပွဲလွန်ကာလ နှိပ်ကွပ်မှု ကုလ ရှုတ်ချ  Audio Clip Available
ကလေးအခွင့်အရေး ကုလစာချုပ်အနှစ်(၂၀) ပြည့် အထိမ်းအမှတ် ဆင်နွှဲ  Audio Clip Available
မြန်မာ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ ရှုတ်ချ  Audio Clip Available
မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှု ရှိနေဆဲ  Audio Clip Available